နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မှတ်သားဖွယ်ရာများ စုစည်းမှု

အချို့သောစာအုပ်များမှာအခြားသော နေရာများမှ ကူးယူထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓသာသနာပြန့်ပွါးရေးကိုသာရှေးရှုသဖြင့် မူလစာအုပ်ပိုင်ရှင်များအနေဖြင့် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤကုသိုလ်ကောင်းမှုသည် လူသားတိုင်းအတွက်အရဟတ္တဖိုလ်၏အကြောင်းအထောက် အပံ့ ဖြစ်ရပါလို၏။

May all be well and happy

May we all transform our lives into lives of true security.

May each and every one of us attain four noble truth and Nibbana.

ယောက်ျားသားတို့ မှောက်မှားမသွားဖို့

တစ်ခုသော ညမှာပေါ့ဗျာ… ကျွန်တော် အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် စကားစမြည် ပြောရင်းက ကာမေသု မိစ္ဆာစာရ ကံအကြောင်း ရောက်သွားတယ်။ ပြောရင်းကနေ တစ်ယောက်က ကိုယ့်ရည်းစားနဲ့ အလိုတူ ကာမအမှုကို ပြုရင် အပြစ်ဖြစ်လား လို့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော် ကလည်း အများကြီးတော့ မသိပါဘူး၊ ဒါပေမယ့် အနည်းငယ် သိထားတာ လေးနဲ့ ပြန်ဖြေ လိုက်တယ်၊ မိန်းကလေးမှာ အုပ်ထိန်းသူ မိဘ သော်လည်းကောင်း၊ ဆွေမျိုးသော် လည်းကောင်း၊ ညီအစ်ကို မောင်နှမ သော်လည်းကောင်း ရှိရင် ယောက်ျားလေးမှာ အပြစ်ဖြစ်တယ်လို့။ မိန်းကလေးမှာတော့ အပြစ် မဖြစ်ဘူးလို့။

အဲဒါကို အဲဒီသူငယ်ချင်းက ဘာဖြစ်လို့ မိန်းကလေးမှာ အပြစ် မဖြစ်တာလဲဆိုပြီး ထပ်မေးတယ်။ ကျွန်တော် ကလည်း ယောက်ျားသားတို့ မသွားလာ၊ ကာမအမှု မပြုအပ်တဲ့ အမျိုးသမီး ၂၀-ရှိကြောင်း၊ အဲဒီမှာမှ အပေါ်က အမျိုးသမီး ၈-ဦးနဲ့ ကာမအမှု ပြုမိရင်တော့ ယောက်ျားလေး မှာသာ အပြစ်ဖြစ်ပြီး မိန်းကလေး မှာတော့ အပြစ် မဖြစ်ကြောင်း ပြောပြတယ်။ အကျယ်တော့ မဟုတ်ဘူး ပေါ့ဗျာ။ အကျဉ်းချုံးလေး ပြောလိုက်တာ။
ဒါနဲ့ နောက် သူငယ်ချင်း တစ်ယောက်က မသွားလာ အပ်တဲ့ မိန်းမ ၂၀-မှာ မင်းပြောတာ ယောက်ျားတွေ ချည်း အပြစ်ဖြစ်ပြီး မိန်းမတွေ အပြစ်မဖြစ်တာ ၈-မျိုးရှိတော့ မိန်းမချည်း သက်သက် အပြစ် ဖြစ်တာကော မရှိဘူး လားတဲ့။
ကျွန်တော်က မရှိဘူးလို့ ဖြေတော့.. အားပါးပါး ငါတို့ ယောက်ျားသား တွေက လက်ရှိ ဥပဒေ မှာဆိုလည်း အလျှော့ပေးရ၊ ဘုရားဟောလည်း မလွတ်၊ တော်တော် သနားစရာ ကောင်းပါလားတဲ့။ (ဟာသ လုပ်ခြင်းပါ။) သေသေချာချာ လေး သိချင်ပါတယ် ပြောပြပါဦး ဆိုတာနဲ့ ကျွန်တော်လည်း ဘလော့မှာ တင်ပြီးဖြစ်တဲ့ (သူများဆီက ကော်ပီ လုပ်ထားတာ.. ဘုန်းဘုန်း ဦးလောက နာထ ဆီက၊ ဘုန်းဘုန်းလည်း ဘုရားဟောတာ ကော်ပီ လုပ်ထားတာ :) ၊ ဘုန်းဘုန်း သိရင်တော့ ကြိမ်နဲ့ပဲ ရိုက်မလား၊ နပန်ပဲ ကျင်းမလား မသိ၊ ဒီလို ပြောရမလား ဆိုပြီး… ရှူး တိုး တိုး.. ဘုန်းဘုန်းနဲ့ သိသူများ သွားမပြော ကြပါနဲ့) ပို့စ်အဟောင်းကို ပြန်ရှာလို့ နားလည်အောင် ရှင်းပြလိုက် ရတယ်။
ကဲဗျာ မသိသေးသူတွေ ထပ်သိ သွားအောင် ဒီပို့စ်လေးကို အခြေတည်လို့ အနည်းငယ် ရှင်းပြလိုက်ပါတယ်။ သေချာ ဖတ်ကြည့်ဦးနော် ယောက်ျားသားတွေ… ကိုယ်နဲ့ ဘာတွေများ ငြိနေလဲလို့…။ (မှတ်ချက်။ သိပြီးသား သူများကို မဆိုလိုပါ။)
ခေါင်းစဉ်လေးက *မိန်းမနှစ်ကျိပ် ပျော်ကြောင်း သိပ်လည်း မအိပ်လေရာ* တဲ့။ ဒါကိုမှ အမောင် ပုရိသတို့က မိန်းကလေး ရှင်ဘက်က သဘောတူလို့ အိပ်ပါတယ်လို့ ဆင်ခြေတက် ရင်တော့ ကာမေသုကံ ထိုက်ပြီလို့သာ မှတ်ပေတော့။
ပထမဆုံးက အစောင့်အရှောက် (အုပ်ထိန်းသူ) ရှိတဲ့ အမျိုးသမီး ၁၀-ဦး တဲ့။ မှတ်လိုက်ပါဦး။

အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ…
၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။

ဒီ ၁၀-ခုမှာ နံပါတ် ၁-ကနေ ၈-အထိက အမျိုးသမီးတွေနဲ့ ကျူးလွန် မိရင်တော့ အမောင် ပုရိသတို့ရေ… အမျိုးသမီးတွေမှာ အပြစ် မဖြစ်ပါဘူးတဲ့။ ခင်ဗျားတို့ ကျုပ်တို့ တစ်တွေမှာပဲ အပြစ် ဖြစ်ပါတယ်တဲ့။ သတိထားဗျို့၊ ကိုယ့်ရည်းစားလည်း ဖြစ်တယ်၊ အလိုတူပါတယ် ဆိုပြီး မေထုန် အမှု ပြုမယ် မကြံနဲ့။ ကွိခနဲဆို ငြိသွားမယ်။ ဒါက အလိုတူလို့ ကံပဲ ထိုက်တာ၊ အလိုများ မတူလို့ကတော့ ကံထိုက်ရုံတင် မက.. ထောင်နန်းပါ စံသွားရမယ်။

နံပါတ် ၉-နဲ့ နံပါတ် ၁၀-ကတော့ နှစ်ဦးစလုံးမှာ အပြစ်ဖြစ်တယ် နော်။ ပုရိသတွေချည်း ပြောနေလို့ ဣတ္ထိယ မမတို့က ငါတို့တော့ လွတ်ပြီ ကျွတ်ပြီ မလုပ်နဲ့ဦး။ ဒီနံပါတ် တွေကစပြီး မမတို့လည်း မှတ်ပေတော့။ ရှောင်ပေတော့။

နောက်တစ်ခုက မယား ၁၀-ဦးတဲ့…။ ဒီ မယား ၁၀-ဦးနဲ့ ကျူးလွန် မိရင်လည်း အမျိုးသားကော အမျိုးသမီးပါ ကာမေသုကံ ထိုက်တယ်တဲ့နော။ ကဲ ကိုကိုတို့ကော မမတို့ပါ ထပ်မှတ် လိုက်ပါဦး။

မယား ၁ဝ-ဦးမှာ…
၁၁။ ဥစ္စာဖြင့် ဝယ်ယူ ပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ် အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ် ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ် ပေါင်းသင်းသော         မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

ကဲဗျို့ ကိုကိုပုရိသ တို့ကော၊ မမ ဣတ္ထိယ တို့ကော ကျွန်တော် ခုရေးပြီး သလောက်ထဲက ဘယ်နှစ်ယောက်များ လွတ်ကင်း ကြပါပြီလဲ။ ဒါမှမဟုတ် ဘယ်အချက် တွေနဲ့များ ငြိစွန်း နေပြီလဲ။ ထားပါ မေးတော့ပါဘူး၊ ဖြေမယ့်သူ မရှိမှာ စိုးလို့။
ကျွန်တော်လည်း ဒီအထိ ဖတ်အပြီး ငါတော့ ဒီအထိတော့ လွတ်နေ သေးတာပဲ၊ ဒီအချက်တွေ မဖြစ်အောင်တော့ မှတ်သား ရှောင်ကြဉ် ရမယ်လို့ ကိုယ့်ကိုယ်ကို သတိလေး ပေးနေတာပေါ့။ အဲ ဒါပေမယ့် ဒီတင် မပြီးသေးဘူးဗျ ကာမေသု အမှုက…၊ ဘာလို့လဲ ဆိုတော့… တစ်ရက် ကျွန်တော် ညီလေး မောင်ကောင်းရဲ့ ဘလော့ (ဓမ္မမေတ္တာ)မှာ ကာမေသုကံ ထိုက်တဲ့ အချက် အလက်တွေကို ထပ်ဖတ်လိုက် ရတယ်။ အပေါ်က အချက် ၂၀-အပြင် နောက်ထပ် အချက်တွေ ပါသေးတယ်ဗျ။ ကျွန်တော်လည်း အဲဒီ အချက်တွေကို ဖတ်ပြီး စိတ်ထဲ သိပ်မယုံတာနဲ့ ဘုန်းဘုန်း ဦးလောက နာထကို မေးကြည့်တော့.. ဘုန်းဘုန်းက ဟုတ်တယ်တဲ့၊ အဲဒီ အချက်တွေကလည်း ကာမေသုကံ ထိုက်တယ်တဲ့၊ ဘုရား ဟောထား တာပါတဲ့။ဘာဖြစ်လို့ ကျွန်တော် မေးရလဲ ဆိုတော့ ဒီနေ့ ခေတ်မှာ ဒီအချက် တွေကို ကျူးလွန်တဲ့ သူတွေကို တွေ့နေရလို့ ပါပဲ။ ကျွန်တော့် အနေနဲ့ ငြိစွန်း နေလို့တော့ မဟုတ်ပါဘူး။ မငြိစွန်းသေးပေမယ့် ကျွန်တော့် အတွက် မှတ်စရာ အချက်တွေ တိုးသွားသလို၊ အသိတွေလည်း တိုးသွား ခဲ့ပါတယ်။
ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန် သင့်သော လမ်းကြောင်း သုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာ ပြုလုပ်လျှင်လည်း ကာမေသု မိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေ ကတော့…
(၁)ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂)ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃)စကားပြောရာ လမ်းကြောင်းတို့ ဖြစ်ပါတယ်။

နောက်ပြီး မိမိကာမပိုင် မိန်းမပင် ဖြစ်လင့်ကစား ကာမေသု မိစ္ဆာစာရကံ ထိုက်သော အချက် လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာ သိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေ ကတော့…
(၁)မိမိမိန်းမ ကိုယ်ဝန် အလွန်ရင့်သော အခါ၊
(၂)မိဘဆရာ လူအများတို့ မြင်သဖြင့် မသင့်တော်သော နေရာ၊
(၃)ကျင့်ရိုး မဟုတ်ခြင်းနှင့် လွဲမှားစွာ ပြုကျင့်ခြင်း၊
(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။

စကားလေးတွေ လွန်သွားရင်၊ ရိုင်းသွားရင် ထပ်ပြီး တောင်းပန်ပါတယ် ခင်ဗျာ။ သိသင့် သိထိုက်တဲ့ အချက်တွေ ဖြစ်နေလို့ပါ။ မူရင်းဘလော့ (ဓမ္မမေတ္တာ) မှာလည်း ဒီအတိုင်းပဲ သုံးနှုန်း ထားလို့ပါ။
ကဲ အချက် ၂၀-က လွတ်ပြီဆိုပြီး ပြုံးပျော်နေတဲ့ ကိုကို ပုရိသတို့ တွေ့ပြီနော်၊ ဒီအချက် တွေကိုလည်း သေချာမှတ်ဦးဗျို့။ တော်ကြာ ငြိနေဦးမယ်။
အဲ.. နောက်တစ်ခု ရှိသေးတယ်ဗျ။ ဟိုတစ်နေ့က တရားထဲက နာလိုက်ရတာ၊ ဘာတဲ့ တိရစ္ဆာန်နဲ့ (ငယ်ငယ်က ကြားဖူးတာတော့ ခွေးပဲ) ကျူးလွန်မိတဲ့ ဘုရင့် မိဖုရားကြီး.. သေခါနီး အဲဒီ နိမိတ် ၀င်လာလို့ အပါယ် ကျသွားတဲ့ အကြောင်း။ ကဲဗျာ မှတ်လက်စနဲ့ မထူးတော့ပါဘူး ဆက်သာ မှတ်လိုက်ပါတော့.. တိရစ္ဆာန်နဲ့ ကျူးလွန်ရင်လည်း ကာမေသုကံ ထိုက်တဲ့ အကြောင်းလေး။
ကျွန်တော် အခုထိ ဖော်ပြခဲ့တာ တွေကတော့ ဘယ်လို ကျူးလွန်ရင်တော့ ကာမေသုကံ ထိုက်တယ်ဆိုတဲ့ အကြောင်း၊ အခု ထပ်ဖော်ပြမှာက ကာမေသုကံ ထိုက်တဲ့ အင်္ဂါရပ် ၄-ချက်နဲ့ ကာမေသုကံကို ရှောင်ကြဉ်ရင် ရရှိမယ့် အကျိုးတွေ… မှတ်ပါလို့တော့ ပြောတော့ ဘူးဗျာ… မှတ်ချင်တဲ့ သူသာ မှတ်ပေတော့။ ကျွန်တော် ကတော့ ပြောရမှာပဲ.. မတတ်နိုင် တော့ဘူး…။
ကာမေသုမိစ္ဆာစာရကံ အင်္ဂါ ၄-ပါးမှာ…
၁။ မသွားလာအပ်သောမိန်းမ ၂ဝ-ဖြစ်ခြင်း။
၂။ မှီဝဲလိုစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ဤအင်္ဂါ ၄-ပါး ညီညွတ်လျှင် ကာမေသု မိစ္ဆာစာရကံ မြောက်သည်။

ကာမေသု မိစ္ဆာစာကံ ရှောင်ကြရဉ်ရသော အကျိုးတရားများ
၁။ ရန်သူမရှိခြင်း။
၂။ အလုံးစုံသော သတ္တဝါတို့၏ ချစ်ခင် မြတ်နိုးမှုကို ခံရခြင်း။
၃။ ထမင်း အဖျော်ယမကာ အဝတ်တန်ဆာတို့ ရရှိခြင်း။
၎။ ချမ်းသာစွာ အိပ်ရခြင်း။
၅။ ချမ်းသာစွာ နိုးရခြင်း။
၆။ အပါယ်ဘေးမှ လွတ်ရခြင်း။
၇။ မိန်းမ နပုန်းအဖြစ်မှ လွတ်ရခြင်း။
၈။ အမျက်ဒေါသနည်းခြင်း။
၉။ ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း။
၁ဝ။ လည်တိုင်ကြော့ကြော့ မော့မော့ နေနိုင်ခြင်း။
၁၁။ မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပြစွာ နေနိုင်ခြင်း။
၁၂။ မိန်းမနှင့် ယောက်ျားအချင်းချင်းသာ ချစ်ခင်မြတ်နိုးခြင်း။
၁၃။ မျက်စိ နား နှာစသော ခြေလက်အင်္ဂါများ ပြည့်စုံခြင်း။
၁၄။ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
၁၅။ ယုံမှားသံသယကင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း။
၁၆။ ချမ်းသာစွာ နေရခြင်း။
၁၇။ ပူပန်ကြောင့်ကြ မရှိရခြင်း။
၁၈။ ဘေးရန် မရှိခြင်း။
၁၉။ ချစ်ခင် နှစ်သက်သူ တို့နှင့် နေရခြင်း 


စသော အကျိုး တရားတို့ကို ရရှိပါသည်။အားလုံးပဲ နားလည် လောက်မှာပါ၊ ထပ်ရှင်းဖို့တော့ မလိုတော့ဘူး ထင်ပါတယ်။ အဲ… ကျွန်တော်လည်း ရေးကောင်းကောင်းနဲ့ အပြစ်တွေပဲ ရေးနေလိုက်တာ.. စာရှုသူသာ ဒီအချက် တွေထဲက တစ်ခု မဟုတ် တစ်ခု ငြိနေရင် တော်တော် စိတ်ညစ် နေလောက်ပြီ ထင်တယ်နော်…။
မညစ်ပါနဲ့ဗျာ.. ဘယ်တတ်နိုင် ပါ့မလဲ… ဒီအမှုက၊ ဒီ အကုသိုလ်က ကိုယ်ကျူးလွန် ပြီးသွားပြီပဲ…၊ နောင်ကိုသာ ဒီလို အမှုမျိုး နောက်ထပ် မကျူးလွန် မိအောင် အသိမမှားပဲ သတိ တရားလေးနဲ့ စောင့်ထိန်းရင်း အကုသိုလ် တွေပယ်၊ ကုသိုလ်တွေ ကြွယ်အောင်၊ အကုသိုလ် တွေပါး၊ ကုသိုလ်တွေ များအောင် ကျင့်ပွား ကြိုးကုတ် အားထုတ်ဖို့ပဲ ရှိတော့တာပေါ့။
အဲ.. စာရှုသူရေ စိတ်မရှိပါနဲ့ဦး၊ ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခြင်းရဲ့ အပြစ်တွေ ကျန်သွားလို့… တောင်းပန်ပါတယ်.. အားနာ ပါးနာနဲ့ ဆက်ဖတ် ပေးပါဦး…။
ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခြင်း၏ အပြစ်များ
”မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်း သိပ်လည်း၊ မအိပ်လေရာ” ဟူသော ရှေးပညာရှိတို့ ဆုံးမ စကားအရ အမျိုးကောင်း သားများသည် အုပ်ထိန်းခြင်း မကင်းသောသူ မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန် ကျူးလွန်လျှင် ကာမေသု မိစ္ဆာစာရကံ ထိုက်သည်။ ဤကံကား အလွန် ကြောက်ဖွယ် ကောင်း၏။ သေလွန်၍ ငရဲသို့ ကျခံရပြီးနောက် လူ့ဘဝ ပြန်ရ စေကာမူ ဘဝများစွာပင် နပုန်း ပဏ္ဍုက် ဖြစ်ရခြင်း၊ ချစ်သူနှင့် ကွဲရခြင်း စသော မကောင်းကျိုးများ များလှကုန်၏။
ကဲ တွေ့တယ်နော် နပုန်း ပဏ္ဍုက်တဲ့…၊ အရှင် အာနန္ဒာ အလောင်း အလျာတောင် ဘ၀တစ်ခုမှာ ကာမေသုကံ ကျူးလွန်ခဲ့လို့ အပါယ်ကျ၊ မိန်းမ ဘ၀တွေ အလီလီ ဖြစ်ပြီး၊ နပုန်းပဏ္ဍုက် ဘ၀တွေ ဖြစ်သေးတယ် ဆိုပဲ…။ကျွန်တော် ကတော့ ကုသိုလ်ကံ ကောင်းလို့ပဲလား မသိဘူး.. ငယ်ငယ် ကတည်းက သူများလုပ်တိုင်း လိုက်မလုပ် တတ်တော့ တစ်ချို့ အရာတွေ သူများ သိသလို မသိပေမယ့် ဒီကံကတော့ ခုထိ လွတ်နေသေးတယ်…။ ကိုယ့်ဂုဏ် ကိုယ်ဖော် တာတော့ မဟုတ်ပါဘူး မိတ်ဆွေတို့ရေ.. ကာမေသုကံ ထိုက်တဲ့ အကြောင်းလေးတွေ ဖတ်ရတော့ ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်ရင်း နောင်လည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ သတိ ပေးမိနေလို့ပါ။
ကဲဗျာ ရေးတာလည်း များသွားပြီ၊ မိတ်ဆွေတို့လည်း မှတ်ရတာ တော်တော် များသွားတယ် ထင်တယ်…။ ကျွန်တော်လည်း စာရိုက်ရလို့ လက်တွေလည်း ညောင်း၊ ဇက်ကြော တွေလည်း တော်တော် တက်သွားတယ်။ သူများ တကာကို သိစေချင်တော့လည်း ဒီလောက်တော့ ရင်းရမှာပေါ့ဗျာ.. ဒါက ထားပါ.. နောက်ဆုံး လေးစားသမှုနဲ့ အကြံပေးချင် တာကတော့…
ဒီ ကာမေသုကံကို ယနေ့ အချိန်ထိ မကျူးလွန် မိသေးတဲ့ သူများ နောင်လည်း မကျူးလွန် မိအောင် ဆက်လက် ထိန်းသိမ်းကြပါ၊ ကျူးလွန်မိပြီး သူများလည်း စိတ်ပျက် မနေဘဲ.. ကုသိုလ် တရားတွေ တိုးသထက် တိုးအောင် လုပ်ဆောင်ပါ။ ဒါန၊ သီလ၊ သမထ ဘာဝနာ မှသည် ၀ိပဿနာ ဘာဝနာ အထိ တက်လှမ်းနိုင်အောင် ကြိုးစားကြပါ။ ဘာလို့လဲ ဆိုတော့ ၀ိပဿနာ ဘာဝနာ အားထုတ်လို့ မဂ်တစ်ချက် မြင်ပြီ ဆိုတာနဲ့ ဒီ ကာမေသုအမှု အကုသိုလ်ကံဟာ အဟောသိကံ (အကျိုးမပေးတဲ့ ကံ) ဖြစ်သွားစေလို့ပါပဲ။
***********************************************
အားလုံးသော ဓမ္မ မိတ်ဆွေများ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီ ကိုယ်ငှ ပြည့်စုံနိုင်ပြီး ၀ိပဿနာ အလုပ်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ် နိုင်ကြပါစေ။ ဖတ်တဲ့ အတိုင်းလည်း သိ၊ သိတဲ့ အတိုင်းလည်း ကျင့်၊ ကျင့်တဲ့ အတိုင်းလည်း ရနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

  ( ဖိုးသား )

ဟန္ဒဒါနိ ဘိက္ခဝေ၊

အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်
မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု, ကောင်းမှုကို များအောင်ကြံ
သတ္တ၀ါ ကောင်းမကောင်း ..အကြောင်းကံ.. ကသာ စီမံတော့သည်
ကံသာလျှင် အမိ, ကံသာလျှင် အဖဆိုတာကတော့ လောကစကား
ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
ဟောပြလို့ ထားခဲ့တာက--
*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
ဟန္ဒ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ
တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင့်
ခန္ဓာတော် ရိနွမ်း၍, ငါကိုယ်တော် အရှင်မြတ်, တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ
ဒါနိ.. ဣဒါနိ- ယခုအခါ ကာလ၌(၀ါ)ကုသိနာရုံ ပင်မျိုးစုံသည့်
ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ
ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်စံ မည့်ဆဲဆဲ ချိန်ခါထဲ၌
သြော်… ရင်သွေးရတနာ သားသက်လျာဟု, ကရုဏာသက်ထား သင်ချစ်သားတို့အား..
အာမန္တယာမိ ..သတိတရား၊ အသိ မမှားရအောင်လို့, ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့
သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့.ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့.ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်
ဝယဓမ္မာ… ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
ဝယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..
ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့, မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို…
တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာပရိသတ်အပေါင်း သင် သူတော်ကောင်းတို့သည်
အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။
----------------------------------------
မေတ္တာနိသာကရော လောကေသမ္မာ ဘာတု သုခံကရော
မေတ္တာသီ တလရံသီဟိ သုခန္တု ဖုသိတာပဇာ.

လောကေ– သတ္တ၀ါအလီလီ ခိုမှီပေါလတ် လောကဓါတ် ကမ္ဘာအတွင်း၌

မေတ္တာနိသာကရော – မေတ္တာအေးလူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်
သမ္မာ – သတ္တ၀ါတတွေ အေးမြစေဖို့ အသရေ ရွှန်းကာ ကောင်းမွန်စွာဖြင့်
သုခံကရော - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခုချမ်းသာကိုပြုလျှက်
ဘာတု – ရန်လည်းကင်းဝေး ဘေးလည်းမခ အအေးရဖို့ ရွှန်းမြအသရေ ထွန်းပပါစေသတည်း
(မေတ္တာသီတလရံသီဟိ – မေတ္တာဖွေးလျှ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့် / သည်)၂ ၄င်း
ဖုသိတာ – ဖုံဖုံလွှမ်းထုံ မွှမ်းမလပ် တွေ့ထိအပ်ကုန်သော
ပဇာ – ကမ္ဘာခေတ်ဘွေ အထွေတွေ၌ တည်နေများစွာသတ္တ၀ါတို့သည်
သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါ စေကုန်တော့သတည်း။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
တရားချစ်ခင်သူတော်စင်အပေါင်းကျန်းမာချမ်းသာကြပါစေ…


တရားထူးရခြင်း ဆိုသည်မှာ

ဗုဒ္ဓဘာသာဝင်အဖို့ တရားထူးရခြင်းနှင့်ပတ်သက်၍ ဘာသာရေးစကားဝိုင်းများတွင် မကြာခဏဆွေနွေးကြပါသည်။ တရားထူးရန် မည်သည့်အချက်များ ပြည့်စုံရမည်နည်း။ မည့်သို့ ဖြည့်ကျင့်ရမည်နည်း။  ဘုရားလက်ထက်တော်က တရားတစ်ပိုဒ် ကြားနာရုံဖြင့် တရားထူးရခြင်းနှင့် ယခုခေတ် ဘာဝနာ အထပ်ထပ်ပွါးများပြီးမှ တရားထူးရခြင်း ဘာများ ကွာခြားပါသနည်း စသော မေးခွန်းများအပေါ် အမျိုးမျိုး ထင်မြင်ချက် အကြံပြုချက်များ ဖတ်ရှုရပါသည်။ အချို့က တရားတစ်ပိုဒ်နာကြားရယုံဖြင့် တရားထူးရခြင်းသည် ၀ိပဿနာအလုပ် မပါဟုလည်း ထင်ကြသူများလည်း တွေ့ရပါသည်။
သို့နှင့် ဆရာတော်ကြီးများ ဟောကြားချက်များကို ဖတ်ရှုလေ့လာကြည့်မိပါသည်။ မိမိဖတ်ရှုမိသမျှ အချက်အလက်များကို လိုရင်းတိုရှင်း တင်ပြသွားပါမည်။  မိုးကုတ်ဆရာတော်ကြီး၏ တစ်ဘ၀သာသနာ စာအုပ်တွင် မြတ်စွာဘုရား ကိုယ်တိုင်ဟောကြားသော အင်္ဂုတ္တိုရ် ပါဋ္ဌိတော်အရ သောတာပန်ဖြစ်ရန် အင်္ဂါ ၄ ရပ်နှင့် ညီရမည်ဟု ဆိုထားပါသည်။
၁) သပ္ပုရိသသံသေဝေါ =  သူတော်ကောင်းနှင့်ပေါင်းခြင်း။
၂) သဒ္ဓမ္မဿဝနံ = သစ္စာတရားမျိုးကိုရွှေး၍ နာခြင်း။
၃)ယောနိကော မနသိကာရ= မှန်မှန်ကန်ကန် ကြံဆနှလုံးသွင်းခြင်း။
၎)ဓမ္မာနုဓမ္မပဋိပတ္တ= ရနိုင်လောက်အောင် ဇွဲသန်သန်ဖြင့် အားထုတ်ခြင်း။
အထက်ပါအချက် ၄ ချက်ဖြင့် ပြည့်စုံမှ တရားထူးရမည်ဟု ဟောကြားထားပါသည်။  ” သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာနှလုံး၊ ကျင့်သုံးဇွဲသန်၊ သောတာပန် ဖြစ်ရန်အကြောင်းလေး” ဟု အတိုချုပ် မှတ်သားထားရန် လိုအပ်ပါသည်။ အထက်မဂ်များအတွက် နောက်ထပ်အင်္ဂါများလိုပါသေးလားဟု မေးလျှင် မရှိပါ။ ဤလေးချက်ဖြင့် ပြည့်စုံက အရဟတ္တမဂ်အထိ ရနိုင်ပါကြောင်းကို မြတ်စွာဘုရားက ဟောကြားထားခဲ့ပါသည်။ 
“စတ္တာရောမေ ဘိက္ခဝေ ဓမ္မာ ဘာဝိတာ ဗဟုလီကတာ သောတာပတ္တိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ သကဒါဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အနာဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အရဟတ္တဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ ကတမေ စတ္တာရော-
သပ္ပုရိသသံသေဝေါ
သဒ္ဓမ္မဿဝနံ
ယောနိကော မနသိကာရ
ဓမ္မာနုဓမ္မပဋိပတ္တ “
မြတ်စွာဘုရား တရားဟောပြီးတိုင်း  ကျွှတ်တန်းဝင်သူများစွာ ပေါ်ထွက်လာကြသည်။ သောတာပန် မည်မျှ၊ သကဒါဂမ်မည်မျှ၊ အနာဂါမ်မည်မျှ၊ ရဟန္တာမည်မျှ စသဖြင့် သိရှိနိုင်သည်။ တရားနာရုံဖြင့် တရားထူးရသည်ဟု ထင်မှတ်ကြသည်။ ” မကျင့်ပဲနှင့် တရားထူးရကြပါသလား၊ ဘယ်အချိန်ကျင့်လိုက်ကြပါသလဲ”မေးလျှင် ကျင့်၍ တရားထူးရကြပါသည်။ နားကတရားနာ၍ ဉာဏ်က ခန္ဓာလှည့်သည့်အချိန်တွင် ရကြသည်ဟု သိရပါသည်။ ” ဘယ်လောက်ကြာ ကျင့်လျှင် တရားထူးရပါသလဲ”လျှင် တရားကျင့်သူ အင်္ဂါရပ် ၅ ပါး(ပဓာနိယင်္ဂ ၅ ပါး)ပြည့်စုံလျှင် ရပါသည်။ ၄င်းတို့မှာ-
၁)မြတ်စွာဘုရားအပေါ် ယုံကြည်မှုရှိရမည်။
၂) ကျန်းမာသူဖြစ်ရမည်။
၃) စိတ်ထားဖြောင့်မတ်သူ ဖြစ်ရမည်။
၎) ဇွဲသန်ကြိုးစားအားထုတ်သူ ဖြစ်ရမည်။
၅) ဉာဏ်စွမ်းဉာဏ်စရှိရမည်။

တရားရသူ ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ယင်းတို့မှာ-
၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်။ မြတ်စွာဘုရားအားထူးတွေ့ရပြီး တရားအကျဉ်းမျှ ကြားနာရရုံဖြင့် တရားထူးရသူ။
၂)  ၀ိပဉ္စိတညူ ပုဂ္ဂိုလ်။ တရားအကျဉ်းဟောရုံဖြင့် နားမလည်၊ အကျယ်ဟောပြမှ တရားထူုးရသောသူ။
၃) နေယျပုဂ္ဂိုလ်။  အကျဉ်းအကျယ်ဟောရုံဖြင့် သဘောမပေါက် အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးမေးမြန်းပြီး ဘာဝနာပွါးမှ တရားထူးရသူ။
၎) ပဒပရမ ပုဂ္ဂိုလ်။ တရားနာခြင်း ဆွေးနွေးမေးမြန်းခြင်း ဘာဝနာပွါးများခြင်းများ ပြုလုပ်သော်လည်း ဤဘ၀၌ တရားထူးမရနိုင်။ နောက်နောင်ဘ၀များတွင် တရားထူးရရန် အထုံဗီဇအဖြစ်သာ ရရှိသူ။
ပုဂ္ဂိုလ်လေးမျိုးရှိတဲ့အနက် အကျဉ်းမျှနာကြားရရုံဖြင့် တရာထူးရသူတို့သည်  ၀ိပဿနာတရား အားမထုတ်ရပဲ မဂ်ဖိုလ်ရသည်ဟု မမှတ်ယူသင့်ပါ။ မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရားလေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် တရားနာရုံဖြင့် ဉာဏ်က ခန္ဓာကို မလှည့်ပဲ တရားထူးရစရာမရှိဟု ဟောကြားထားပါသည်။ နာကြားယုံဖြင့် တရားထူး မရနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သတိပဋ္ဌာန်၏အာရုံဖြစ်သော ရှုကွက်ဖြစ်သည့် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မသဘောတရားတို့အနက် တစ်ခုခုကိုမျှ မရှုပဲ ၀ိပဿနာပညာလည်း ဖြစ်ရိုးမရှိ၊ အရိယာမဂ်လည်း ဖြစ်ရိုးမရှိဟု မဟာစည်ဆရာတော်ကြီးဟောကြားထားပါသည်။ ထိုသို့ ရှုမှတ်ရာတွင် “တရားနာဆုံးသည်နှင့် ရနိုင်လောက်အောင် သမာဓိရရန် အချိန်မလိုဘူးလား”ဟု မေးစရာရှိပါသည်။ မဟာစည်ဆရာတော်ကြီးက သုဒ္ဓ၀ိပဿနာယာနိကလမ်းဖြင့် သွား၍ ခဏိကသမာဓိရသည်နှင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ဖြစ်ပျက်ကို သိမြင်နိုင်ပါသည်ဟု ဟောကြားထားပါသည်။ ခဏိကသမာဓိကို ၀ိပဿနာ သမာဓိဟုလည်း ခေါ်ပါသည်။ သမာထ၀ိပဿနာယာနိကလမ်းနှင့် ကြည့်လျှင် ဥပစာရသမာဓိနှင့် ဆင်တူသည်ဟု ဆိုပါသည်။ နီဝရဏခေါ် ဆန့်ကျင်ဘက်ကိလေသာများ မနှောက်ယှက်နိုင်အောင် တည်ကြည်သောစိတ် အခိုက်အတန့်ကလေးအတွင်း ဖြစ်လာသော ခဏိကသမာဓိ (သို့) ဥပစာရသမာဓိတို့ဖြင့် ရုပ်နာမ်အာရုံကို အမှန်အတိုင်းသိမြင်နိုင်ပြီး အရဟတ္တမဂ်အထိပင် ပေါက်ရောက်နိုင်ကြောင်း ဟောကြားထားပါသည်။ ထို့ကြောင့် အမှတ် ၁ ပုဂ္ဂိုလ်များသည် တရားနာရင်းဖြစ်စေ နာင်္ပြီးလျှင်ပြီးခြင်းဖြစ်စေ  ခဏိကသမာဓိဖြင့် အရိယာမဂ်ရသွားသည်ဟု မှတ်ယူရပါမည်။ ရုပ်နာမ် မရှုပဲ ကျက်မှတ်လေ့လာ သရုပ်ခွဲ ဆင်ခြင်ရုံဖြင့်  ၀ိပဿနာဉာဏ် အရိယာမဂ်ဉာဏ် သမ္မာဒိဌိ မဂ္ဂင် အစစ် မဖြစ်နိုင်ကြောင်း ဆရာတော်ကြီးက မိန့်ကြားထားပါသည်။
ယနေ့ခေတ်လူတို့မှာ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ မရှိသလောက် ရှားသွားပြီဟု မိမိထင်မြင်မိပါသည်။ အမှတ် ၃နှင့် ၄ ပုဂ္ဂိုလ်များ ဖြစ်ဖို့များပါသည်။ မိမိကိုယ်တိုင် အမှတ် ၃ လား၊ ၄ လားဆိုသည်ကို တရား အားမထုတ်ကြည့်ပဲ မသိနိုင်ပါ။ မိမိ ဤဘ၀တွင် ပဉ္စာနန္တရိယကံ ၅ ပါးမကျူးလွန်ထားပါက တရားထူးရနိုင်မည်ဟု ယုံယုံကြည်ကြည်ဖြင့် အားထုတ်သင့်ပါသည်။ ယခင်ဘ၀က ကျူးလွန်ခဲ့လျှင်လည်း လက်ရှိငရဲကျနေမည်မှာ သေချာပါသည်။ လူဘ၀ကိုရောက်နေခြင်းသည် မရှိခဲ့လို့ဟု မှတ်ယူရပါမည်။ ထို့ကြောင့် တရားနာရုံဖြင့် ဖတ်မှတ်လေ့လာ ဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားပြီး တရားရနေပြီဟု မိမိကိုယ်မိမိ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ ဖြစ်နေမလားဟု အထင်ရောက်နေပါက ကျင့်စရာမလိုဟု ထင်မိပါက ကိုယ်ကျိုးနည်းတော့မည်။ ပုဂ္ဂိုလ် ၄ ဦး စလုံး ခန္ဓာကို ဉာဏ်ဖြင့်လှည့်ပြီး ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မတို့၏ အဖြစ်အပျက်ကို တွေ့ပြီးမှသာ အရိယာမဂ်ရကြကြောင်း၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်ကြီးတို့၏ ဟောကြားချက်များကို ထောက်ရှု၍ တင်ပြလိုက်ရပါသည်။

ဓမ္မလင်းရောင်ခြည်


၅ ပါး မဂ္ဂင် ပြည့်စုံလျှင်

မဂ္ဂင် ၈ ပါးကို အုပ်စု ၃ မျိုးခွဲပြီး သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ဆိုပြီး ပြောဆိုသုံးနှုံးကြပါသည်။ သိက္ခါ ၃ ပါး ဟုလည်း ခေါ်ပါသည်။ သီလမဂ္ဂင် ၃ ပါး ၊ သမာဓိမဂ္ဂင် ၃ ပါး၊ ပညာမဂ္ဂင်က ၂ ပါးစီ ရှိကြပါသည်။ ၄င်း ၈ ပါးပြည့်စုံလျှင်  နိဗ္ဗာန်ကို မျက်မှောက်ပြုပါသည်။ အပြန်အလှန်အားဖြင့်ဆိုရသော် နိဗ္ဗာန်ကို မျက်မှောက်ပြုမှ ဤ ၈ ပါးစုံပါသည်ဟု မိုးကုတ်ဆရာတော်ကြီးက  မိန့်ပါသည်။ တရားစ ရှုမှတ်လျှင် မဂ္ဂင် ၅ ပါး မိမိသန္တာန်မှာ ရှိလာအောင် အားထုတ်ရပါသည်။ ထိုမဂ္ဂင် ၅ ပါးမှာ သမာဓိ မဂ္ဂင် ၃ ပါး နဲ့ ပညာမဂ္ဂင် ၂ ပါး ဖြစ်ပါသည်။ သမာဓိ မဂ္ဂင် ၃ ပါးမှာ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိ တို့ဖြစ်ပြီး ပညာမဂ္ဂင် ၂ ပါး သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ တို့ ဖြစ်ပါသည်။ ၀ိပဿနာအားထုတ်မှုသည် သွားရင်းလာရင်း ဈေးရောင်းရင်း အာထုတ်နိုင်သည်ဟု သိထားကြသည့်အတွက် သမာဓိထူထောင်စရာ မလိုပါဟု ထင်တတ်ကြပါသည်။ အမှန်မှာ သမာဓိမဂ္ဂင် ၃ ပါး ရှုဉာဏ်မှ ကိန်းမှ ပညာမဂ္ဂင် ၂ ပါးတို့ ဖြစ်လာနိုင်ပါသည်။
အားထုတ်နည်း လမ်းကြောင်း ၂ ကြောင်းရှိပါသည်။ သမာထ၀ိပဿနာယာနိက နှင့် သုဒ္ဓ၀ိပဿနာ ယာနိက တို့ဖြစ်ပါသည်။ မည်သည့်လမ်းဖြင့် သွားသွား သမာဓိမဂ္ဂင် ရှုဉာဏ်မှာ မကိန်းသရွှေ့ ပညာမဂ္ဂင် မလာနိုင်ပါ။ ပညာမဂ္ဂင်မှာလည်း လောကီမဂ္ဂင်(၀ိပဿနာမဂ်)နှင့် လောကုတ္တရာမဂ္ဂင်(အရိယမဂ်) ၂ မျိုးရှိသည့်အနက် လောကီမဂ္ဂင် ဦးစွာဖြစ်ရပါသည်။ ဉာဏ်အားပြည့်မှ လောကုတ္တရာမဂ္ဂင် လိုက်ပါသည်။ မိုးကုတ်ဆရာတော်ကြီးက မဂ္ဂင် ၅ ပါးနဲ့ ရှုလို့ မကြာခဏမိန့်တာ နာကြားဖူးကြမည် ဖြစ်ပါသည်။ ဆရာတော်ကြီးက ၀ိပဿနာမဂ်ပေါ်သည့်အခိုက်ကို ပြောသည်ဟု နားလည်ပါသည်။
တကယ်တမ်း တရားစရှုမှတ်သူတွေအဖို့ ရုပ်ဆိုလျှင် ရုပ်တုံးအခဲ(သဏ္ဍနပညတ်) မြင်နေသေးသရွှေ့ နာမ်ဆိုလျှင်လည်း နာမ်စဉ် အမျှဉ်တန်းနေသရွှေ့ ဖြစ်ပျက်ရှုလျှင် အတွေးအမြင် မမှန်နိုင်သေးပါ။ သမ္မာဒိဌိ သမ္မာသင်္ကပ္ပ မဖြစ်သေးပါ။ ဘာကြောင့် ယင်းသို့ဖြစ်ရသလဲဆိုလျှင် သမာဓိမဂ္ဂင် ၃ ပါး ရှုဉာဏ်မှာ မကိန်းသေးလို့ဟု ဖြေရမည် ဖြစ်ပါသည်။ မှန်ကန်တဲ့ သတိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ မှန်ကန်တဲ့ တည်ကြည်မှု မရှိခြင်းကြောင့် ဖြစ်ပါသည်။ မည်သည့်အချိန်မှာမှ မှန်ကန်တဲ့ တည်ကြည်မှုဖြစ်မည်လဲ။
သမထဘာဝနာဆိုလျှင် ဥပစာရသမာဓိ(ပထမဈာန်အနီးအနား) အပ္ပနာသမာဓိ(ပထမဈာန်) ရလို့ တစ်ခုတည်းသောအာရုံမှာ စိတ်ကတည်နေစဉ် စိတ်မှာ ပီတိ သုခ တွေပေါ်နေလျှင် သမာဓိမဂ္ဂင် ၃ ပါး ပြည့်စုံနေပြီ။ ထိုအချိန်မှာ ရှုနေဆဲ ကမ္မဋ္ဌာန်းအာရုံကို ဖြစ်စေ ခံစားနေရသော ပီတိကိုဖြစ်စေ အေးချမ်းနေတဲ့ ပဿဒ္ဓိကိုဖြစ်စေ၊ ချမ်းသာသုခကိုဖြစ်စေ ဉာဏ်ဖြင့်ပိုင်းခြားလိုက်ပါက ရှုလိုက်သည်နှင့်  မရှိတော့ဟူသော ထိပျောက်၊ သိပျောက် သဘောတွေ့ပြီဆိုလျှင် ပညာမဂ္ဂင်ပေါ်ပါပြီ ။ ၀ိပဿနာမဂ် ပေါ်ပြီး  မဂ္ဂင် ၅ ပါးစုံပါသည်။
ဝိပဿနာဘာဝနာဆိုလျှင် ရုပ်ကိုရှုနေသူသည် အာရုံမှာ ယောက်ျာပဲ မိန်းမပဲ အကောင်အထည်ပေါ်နေသေးလျှင်၊ စိတ်ကိုရှုသူသည် မြင်၊ ကြား၊ နံ၊ တွေးလိုက်သည်နှင့် အာရုံ၌ အမည်ပညတ်ပေါ်နေသေးရင် ( ဥပမာ အသံကြားသည်။ ယောက်ျားသံ၊ မိန်းမသံလို့ ခွဲလို့ရနေသေးလျှင်)၊ ဝေဒနာကို ရှုသူသည် နာတာကျင်တာ၊ ၀မ်းသာဝမ်နည်းစသည့် ခံစားမှုသဘောများ သိနေသေးရင် သမာဓိမဂ္ဂင် ၃ ပါး မစုံသေးပါ။ ယင်းသို့ ရှုနေရင်းက ခဏိကသမာဓိဟုခေါ်သော ရှုလိုက်တိုင်း ရှုလိုက်တိုင်း ခဏငယ်အခိုက် သမာဓိမဂ္ဂင်  ပြည့်စုံလာပြီဆိုပါက ပူတာလေးသိလိုက် ပျောက်သွားလိုက်။ အေးတာလေးသိလိုက် ပျောက်သွားလိုက်။ ရိပ်ကနဲ တွန်းကန်တာလှုပ်ရှားတာလေး သိလိုက် ပျောက်သွားလိုက်။ ပူတာသည် လက်လား ခြေလား မသိလိုက်၊ လက်ခြေဆိုသော အထည်ပညတ်မပေါ်။ ရိပ်ကနဲ ရိပ်ကနဲလှုပ်တာလေး သိလိုက်သော်လည်း မည်သည့်အရာ မည်သည့်နေရာဟု ခွဲခြားပြလို့မရ။ အမည်တပ်လို့ မရတော့လျှင် ဖြစ်ပျက်ကိုပိုင်းခြားသိသော ပညာမဂ္ဂင်ပေါ်ပါပြီ။ ၀ိပဿနာ မဂ်ဖြစ်ပြီ။ မဂ္ဂင် ၅ ပါးစုံပါသည်။
ဧကောဓမ္မောဆိုသည့်အတိုင်း အရှုခံသည် ခန္ဓာ ၅ ပါးလုံးမဟုတ်၊ တစ်ခုတည်းသော ဓမ္မ ကို သာ ရှုဉာဏ်မှာပေါ်နေပြီ။ ထိုအခိုက်မှာ ရှုဉာဏ်က မရှုပ်ထွေး၊ ရှင်းလင်းနေ၏၊ အရှုခံက မကြမ်းတမ်၊ သိမ်မွေ့နေ၏။ တစ်ခုပြီးမှ တစ်ခု ဖြတ်ကနဲ ပေါ် ဖြတ်ကနဲပျောက်၊ အာရုံနှင့်ဒွါရ ထိလိုက်သည်နှင့်ပျောက် သိလိုက်သည်နှင့်ပျောက်၊ မမြဲ(အနိစ္စ)၊ ထပ်ခါတလဲလဲ ပေါ်ပြီးတိုင်းချက်ချင်းပျောက်။ ဖောက်ပြန်တဲ့သဘော (ဒုက္ခ)။ မည်သည့်နေရာကပေါ်လာမှန်းမသိလို မည်သည့်နေရာသို့ ပျောက်သွား မှန်းမသိ။ အကောင်အထည်မရှိ။ အစိုးမရ(အနတ္တ)။ အကောင်အထည် မမြင်ရသဖြင့် လိုချင်မှု မလိုချင်မှု မဖြစ် (တဏှာခမ်းခြောက်)။ ပျက်သွားပျောက်သွားပြီးတိုင်း တဒင်္ဂချုပ်ငြိမ်းမှု တဒင်္ဂနိဗ္ဗာန်တွေကို ရှုဉာဏ်က သိလာသည်။ တွေ့ဖန်များသော် ဉာဏ်ရင့်လာပြီး နိဗ္ဗာန်အစစ်နဲ့ ဉာဏ်နှင့်တည့် သွားသည်ဟု  မိုးကုတ်ဆရာတော်ကြီးက မိန့်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ တရားချစ်ခင် သူတော်စင်များ ကြိုက်ရာလမ်းကိုရွှေးပါ။ မဂ္ဂင် ၅ ပါးစုံလျှင် နိဗ္ဗာန် တံခါးပေါက်ရောက်ပါပြီ။

ဓမ္မလင်းရောင်ခြည်

်

သစ္စာမိုးရေ

သစ္စာမိုးရေ


နှစ်တစ်ရာ လူ့ဘ၀၊ သစ္စာ ရှုကြလို့ပြောပင်ပြောငြား
စိတ်အားက မသန်၊ အမှန်ဆိုတာ ဘာလဲ
တဖွဲဖွဲပျက်နေတာ ဘာတွေတုန်း
မုန်းစရာဆိုတာလဲ ငါမသိ
ရှိရှိသမျှ အသုဘတဲ့၊ ပြောမှ ပြောတတ်ပလေ
စိတ်စေရာပျော်ပါး၊ စိတ်သွားတိုင်း ကိုယ်ပါ
စိတ်ဆာတာ အကုန်လုပ်၊ ကြိုးရှုပ်တဲ့ လူ့ဗာလ
သူ့ဘ၀ နေ၀င်ချိန်နီး
ငရဲမီးတွေ ထိန်ထိန်တောက်လို့
အိုးမှောက်တာ စိုးကြောက်စရာနော်
သစ္စာတရား နာကြားပါရဲ့
ဘာတဲ့တုန်း သဿတ၊ သိသမျှ သူကြွေးကြော်
သူတော်တော် တတ်သပ၊ မှတ်သမျှက ရွှေဈေးငွေဈေး
မေးလိုက်တိုင်း သိသယောင်၊ မှတ်မိအောင် အလွတ်ကျက်
သိတစ်ဝက် မသိတစ်ဝက်နဲ့ပေါ့၊
နှစ်သက်တဲ့ တဏှာ၊ ဖယ်ခွါဖို့ လိုသတဲ့
ဇွဲနဲ့တော့ အားမထုတ်၊ ကြိုးရှုပ်တဲ့ ပုထုဇဉ်
နေ၀င်လျှင်အသင်ဘယ်သွား၊ လားရာက မသေချာ
သုဂတိရွာ၊ ဒုဂ္ဂတိရွာ..
ပစ်ချရာ ခန္ဓာဆောက်ပေါ့
အိုးပေါက်တာလဲ စိုးကြောက်စရာပဲ
ထူထဲတဲ့ အ၀ိဇ္ဇာ၊ တဏှာနဲ့ ခန္ဓာဆောက်
အမှောင်အောက်က မထွက်နိုင်
ဇွဲခိုင်ခိုင် အားထုတ်ပါမှ၊ နီဝရဏ ကင်းစင်ကွာ
မြင်သမျှဟာ ဒုက္ခတွေပဲ၊ အဟုတ်ပ မမြဲ ရှုမြင်ရ
အနိစ္စဆိုတာ ဒါပဲလား၊ တစ်ဖွာဖွား ပျက်နေလိုက်တာ
ဆက်နေပါလို့တောင် တားမရ
အနတ္တ. အနတ္တ..အနတ္တ…
အောက်ခြေက ရေတိုက်စား၊ အဖျားမှာ ရပ်နေတဲ့သူ
ကူမဲ့သူက ရှာမတွေ့၊ သေနေ့ စိတဲ့သူ အလား
အားကိုးရာ ဒီနာမ်ရုပ်က၊ တဖြုတ်ဖြုတ်နဲ့ ကြွေနေပြီ
ဘယ်ဆီကို သွားရပါလိမ့်၊ ကြိတ်မှိတ်ပြီး ဆက်ရှုပြန်
ခပ်မှန်မှန် စိတ်ကိုထား
တရားခေါ်ရာနောက် တစ်ကောက်ကောက်
လျှောက်.လျှောက်..လျှောက်….
ဟော…
လုံလောက်တဲ့ ဉာဏ်အား၊ လွှားကနဲ ပြေးဝင် (နိဗ္ဗာန်)
မသေခင် တဏှာနဲ့ စစ်ခင်း၊ ဗိုလ်တစ်သင်းနဲ့ အနိုင်ယူ (ဗိုလ် ၅ ပါး)
သူလိုလူ ရှာမှရှားတဲ့။
အို..အသင်
သူတော်ကောင်းအပေါင်းတို့…….
မိုးရွာတုန်း အိုးမှောက်သူ
အိုးပေါက်ယူ ရေခံ
ဉာဏ်မပါ သံသရာ ခရီးသွားကြလျှင်ဖြင့်
ကံဆရာ ဖန်တရာ လှည့်စား ခံရပြီကွယ့်
ချဲ့ကားပြီဟဲ့လို့တော့ မထင်စေချင်
မနောဘ၀င် စဉ်မပြတ် အခိုက်ဟာမို့
အဆောတလျင် အရင် မှတ်ထိုက်တာက
မိုးကောင်းတုန်း ရေခံ၊ အိုးကောင်းမှ ရေကျန်မယ်ဆိုတာ
စေတနာရှေ့ထား အသေအချာ မေ့မသွားရအောင်
အကျိုးမျှော်လို့ နှိုးဆော်လိုက်ပါသည်… 


သူတော်ကောင်းတို့၏သဘော

သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးမြစေ၏။

နံ့သာတုန်းသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။

သူတော်ကောင်းသည် မိမိကို ညှင်းဆဲသော သူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏။


"ငြိမ်းချမ်းရေးကဗျာ"

ငါတို.ကမ္ဘာ၊ ဤနေရာကား
တဏှာလောဘ၊ မာန်မာနနှင်.
ဒေါသရမ်းရမ်း၊ လောဘလွှမ်း၏။

လူဘုံဘ၀၊ ဒုလ္လဘ၀ယ်
ကြုံရစဉ်ခိုက်၊ မေတ္တာပိုက်ကာ
ကရုဏာနှင်.၊ ၀မ်းသာစိတ်ပွား
လျစ်လျူထားက...
တို.များလောက၊ ချမ်းသာရလိမ်.။

ကောင်းဆိုးနှစ်တန်၊ လောကဓံဝယ်
ကြံ.ခံစိတ်သွင်း၊ သည်းခံခြင်းဖြင်.
ချစ်ခြင်းကုဋ္ဋေ၊ တည်ပါစေလော.။

ဗုဒ္ဓဟောကြား၊ လေးပါးသစ္စာ
အရိယာကို၊ လျှင်စွာသိမြင်
မဂ္ဂင်မှန်လမ်း၊ ကျင်.ကြံစမ်းလော.။

အနိစ္စ၀တ၊ သင်္ခါရမို.
သူကအစ၊ ငါကအဆုံး
အားလုံးဆင်ခြင်၊ သတိဝင်လော.။

ခင်မင်သမုဒယ၊ သံယောဇနကြောင်.
ဒုက္ခဖြစ်လာ၊ ဤခန္ဓာကို
မှန်စွာမိမိ၊ မြင်အောင်ကြည်.လော.။

အဖုံးအ၀ိဇ္ဖာ၊ သင်ခွါပါမှ
အနတ္တစင်းစင်း၊ မမြဲခြင်းကို
လင်းလင်းပိုင်ပိုင်၊ သိမြင်နိုင်လိမ်.။

ငါးပါးခန္ဒာ၊ ဖေါက်ပြန်စွာကို
သေချာသိရှိ၊ မြင်အောင်ကြည်.ဖို.
ဝိပဿနာ၊ ရှုမှတ်ပါလော.။

ကိုယ်.ကိုယ် ကိုယ်ကြည်.၊ ဆင်ခြင်သိက
ဒိဌသေချာ၊ အဘယ်မှာလျှင်
ရန်စွာစစ်မက်၊ ဖြစ်လိမ်.နည်း။

အချင်းချင်းတွင်၊ ပြစ်မမြင်ပဲ
ချစ်ခင်မေတ္တာ၊ ဗြဟ္မစာရ်ဖြင်.
ကမ္ဘာအ၀ှမ်း၊ လွန်အေးချမ်းလိမ်.။

လူသားအာလုံး၊ စိတ်နှလုံးဝယ်
အပြုံးပန်းတွေ၊ ဝေပါစေကြောင်း
မေတ္တာလောင်းကာ၊....
နည်းကောင်းလမ်းပြ၊ ပြုပါရစေ
ဗုဒ္ဒဒေသနာ၊ ၀ိပဿနာ။ ။

အာနာပါန သတိပဌာန် ရှုမှတ်နည်း

အာနာပါနဿတိသည်ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။အာနာပါနသည်ထွက်လေ၀င်လေဆိုသည့် ၀ါယောဓါတ်ခါင်းဆောင်သည်ဓါတ်တရားတွေစုပေါင်းထားသောကာယကိုအစိတ်စိတ်အမွှာမွှာကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
ခန္ဓာကိုယ်ကိုဖာင့်ဖြောင့်ထား၍ တိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
က) မှတ်နည်းမှာ
၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံးသိအောင်လုပ်တဲ့နည်း။
၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။

ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။

ဂ) ပြင်းထန်သလား၊ နူးညံ့သလားသိအောင်လုပရမည်။ထွက်လေ၀င်လေသည် စိတ္တဇ၀ါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေကကြမ်းသည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင်ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။၎င်းကြောင့်ဖစ်တဲ့စိတ်ကကြမ်းပါသည်။ 
နီဝရဏဆိုသည်မှာ-
၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
၂) အလိုမကျတဲ့စိတ်
၃) ငိုက်မျဉ်းတာ
၎) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
၅) မဆုံးဖြတ်နိုင်တဲ့စိတ်

ဃ)နီဝရဏကင်း၍စိတ်တွေသိမ်မွေ့သွားတဲ့အခါဝင်လေထွက်လေသည်နူးညံ့လာပါသည်။သိပ်ပြီးသိမ်မွေ့လာရင်ထွက်လေ၀င်လေရှိမှရှိသေးလားလို့ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်။
  ၁) အမိဝမ်းထဲက ကလေး
၂) သေသွားတဲ့ပုဂ္ဂိုလ်
၃) သေခါနီးမိန်းမျောနေတဲ့သူ
၎) စတုထ္တဈာန်ဝင်စားနေသူ
၅) နိရောဓသမာပတ်ဝင်စားသူ
၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)

င)၀ီရိယစိုက်ပြီးရှုလျှင်သိမ်မွေ့နေသောဝင်လေထွက်လေကိုတွ့လာလိမ့်မည်။စိတ်တွေကြည်လာတတ်သည်။အဖြူရောင် ညစ်ထေးထေးနမိတ်စပေါ်လာမည်။ပ်ါလာကစတွင်ဝင်လေထွက်လေကသတ်သတ်နမိတ်ကသတ်သတ်ဖစ်နေတတ်သည်။ယင်းသို့ နမိတ်ပေါ်လာလျှင်စိတ်ကပေါ်လာသောနိမိတ်ပေါ်ရောက်သွားတတ်သည်။နမိတ်ကိုဆက်ရှုရမည်။နမိတ်ပျာက်သွားလျှင်ဘာဝနာစိတ်ကိုဝင်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာဝနာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာခါင်းထဲကလှုပ်ရှားနေသောမီးခိုးတန်းလို၊ဖူဖြူဖွေးဖွေးဝါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာဝနာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ ဈာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည်အထိအာရုံပြုပွါများလျှင် ဈာန်စခန်းသို့ ရောက်ပြီ။ ၄င်းဈာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။  
       နမိတ် ၃ မျိုးမှာ-
၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
၂) မီးခိုးတန်းလို ၀ါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်
   
       ဈာန် အင်္ဂါ ၅ ပါးမှာ-
၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ၀ိတက်
၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ
၃) ၀ိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်ဝတ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ
၎) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကို
အောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။
၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမဈာန်ဟု ခေါ်သည်။ စိတ်က နီဝရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။
ဤနေရာတွင် ၀ိပဿနာမရှုလိုသေးပါက ၀ိတက် ၀ိစာရကိုပယ်လျှင် ဒုတိယဈာန်၊ ပီတိကိုပယ်လျှင် တတိယဈာန်၊သုခကိုပယ်လျှင် စတုထ္ထဈာန်အထိ တက်သွားနိုင်သည်။ ဈာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွား ပါသည်။ ပထမဈာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ၀ါယောဓါတ်ဖြစ်သည့်ရူပ်ကိုရှုရင်ကယာနုပဿနာ။ပီတိ၊သုခဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကိုသိနေသောစိတ်ကိုရှုရင်စိတ္တာနုပဿနာ။ထိုစိတ်စတသိတ်နှင့်ရုပ်များမမြဲဘူးဆိုသည့်အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ၀ိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။ ယင်းသို့ သုံးသပ်သောဉာဏ်ကသမ္မသနဉာဏ်ရဲ့အစဖြစ်ပါသည်။ ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိခံစားမှုဝဒနာသည်စတသိတ်၊ချမ်းသာမှုကိုသိနေသည့်စိတ်သည်ဝိဉာဏ်၊ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြားသိလာခဲ့သောဉာဏ်ကိုနာမရူပပဋိစ္ဆေဒဉာဏ်။သက္ကာယဒိဌိကင်းသွားပါပြီ။ထိုနာမ်ရုပ်နှစ်ပါးသည်အ၀ိဇ္ဇာ၊တဏှာ၊ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ၀ါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။
ဤသို့အကြောင်းအကျိုးကြောင့်ဖစ်နေသောရုပ်နာမ်နှစ်ပါး၏အနိစ္စ၊ဒုက္ခ၊အနတ္တကိုဓမ္မာနုပဿနာသတိပဌာန်နှင့်ဝိပဿနာရှုလျှင်သမ္မသနဉာဏ်ဖစ်ပြီ။၎င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်ကဥဒယဗ္ဗယဉာဏဖစ်သည်။ဖစ်လာတာတွေ့လျှင်ဥစ္ဆေဒဒိဌိပြုတ်ပြီးပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိပုတ်ပါသည်။ဖစ်ခြင်းနှင့်ပျက်ခြင်းတွင်ပျက်ခြင်းကကြာက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။ အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ်ပါသည်။ ၀ါယောရုပ်ကိုပဲဖစ်ဖြစ်၊၀ဒနာတစ်လုံးကိုဖြစ်ဖြစ်၊ကြည်လင်နေသောစိတ်ကလေးတစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာဆိုသည့် သံဝေဂဉာဏ်ဘယဉာဏ်ပေါ်လာပါသည်။ထိုပျောက်ပျက်နေသောခန္ဓာကအားကိုးစရာမဟုတ်ဟုသိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ်ဖစ်လာစေပါသည်။ယင်းနောက်တွင်ငီးငွေ့သောနိဗ္ဗိဒါဉာပ်ါပါသည်။ထိုသို့မလိုချင်ပဲရှုမှတ်နေရတာကိုလွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။သို့သော် ရေနစ်မှာကြောက်၍ခွးသေကောင်ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာဝနာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသောဥပက္ခာဝေဒနာဖစ်နေပါပြီ။၎င်းဉာဏ်ကိုသင်္ခါရုပက္ခာဉာဏ်ဟု ခေါ်ပါသည်။ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန်ကျးဇူးပြုသည့်အနုလောမဉာဏ်ဖစ်ပေါ်လာပါပြီ။ဆက်လက်၍အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်ကသင်္ခတအာရုံကိုမယူတော့ပဲအသင်္ခတကိုမျာ်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ယင်းနောက်တွင်မဂ်ဉာဏ်၊ဖိုလ်ဉာဏ်အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက်ချုပ်ပျာက်ခဲ့ပုံပယ်ပြီးကိလေသများကိုပန်ဆင်ခြင်သည့်ပစ္စ၀က္ခဏာဉာဏ်ပ်ါလာပါသည်။အာနာပါနသတိပဌာန်သည်သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္ဈင် ရ ပါး ဖြစ်ပါသည်။
(ဆရာတော်အရှင်ဉာဏိသာရဟော
ကြားသောအာနပါနသတိပဌာန်တရားထဲမှ ကောက်နုတ်ဖော်ပြပါသည်။)


တန်ဖိုး



သီလပညာဏဉ္စ လောကသ္မိံ အဂ္ဂမက္ခာယတိ။
ကိုယ်ကျင့်တရားနဲ့ ပညာကသာ လောကကြီးမှာ အမွန်မြတ်ဆုံးပဲ။ 

(သုတ်သီလက္ခန်ပါဠိတော်)

တန်ဖိုးဆိုတဲ့ စကားလုံးလေးက လှတယ်။ Value လို့ ဂလိုဘယ်ရွာသားတွေ အခေါ်တစ်မျိုးလည်း ရှိရဲ့။  ဘယ်လို ဘာသာဗေဒနဲ့ပဲ ပြောပြော တန်ဖိုးဆိုတဲ့ ဝေါဟာရရဲ့ အနှစ်သာရကတော့ အတူတူပဲ ဖြစ်မှာပါ။ ဆေးလိပ်ကြိုက်သူတစ်ဦးအတွက် ဆေးလိပ်ဟာ တန်ဖိုးရှိပေမယ့် ဆေးလိပ်အနံ့မခံနိုင်သူအတွက် ဆေးလိပ်ဗူး အလကားရရင်တော့ တော်တော် စိတ်တိုနေမှာပါပဲ။
 ကိုယ်ကြိုက်တဲ့ အရာလေးတွေ ကိုယ့်မှာရှိရင် တန်ဖိုးထားတတ်ကြသလို ကိုယ် မကြိုက်တဲ့ အရာတွေဆိုရင်တော့ တန်ဖိုးထား သိမ်းဆည်းနေကြမှာ မဟုတ်ပါဘူး။ ဒါက ရုပ်ဝတ္ထုပစ္စည်းတေု့ပါ။ ကိုယ်တန်ဖိုးထားချစ်တဲ့ ချစ်သူဆိုတာတောင် အရွယ်တွေအိုမင်းသွားရင်တန်ဖိုးမထားချင်ကြတော့ မဟုတ်လား။ ဆိုလိုတာက ရုပ်ဝတ္ထုပစ္စည်းအပေါ်ထားတဲ့ တန်ဖိုးဟာ မမြဲဘူးလို့ ပြောချင်တာပါ။
ကိုယ်နဲ့ ပတ်သက်တဲ့ တစ်ဦးတစ်ယောက်ဆိုပါစို့။ သူဟာ ကိုယ့်စိတ်တိုင်းကျနေမယ်၊ ကိုယ့်အတွက် အသုံးချလို့ရဦးမယ်ဆိုရင် ကိုယ်က တန်ဖိုးထားနေတတ်ပေမယ့် သူမရှိလည်း ဖြစ်တယ်လို့ တွေးလက်ခံလိုက်တာနဲ့ အဲဒီလူဟာ ကိုယ့်အတွက် တန်ဖိုးမဲ့သွားပြီပေါ့။

တန်ဖိုးဆိုတာ အချိန်ကာလ၊ နေရာဒေသ နဲ့ ပုဂ္ဂိုလ်အပေါ်မူတည်ပြီး အတက်အကျ၊ အနိမ့်အမြင့် ကွာသွား တာပါ ။  ရှင်တော်မြတ်ဘုရားက လောကမှာ ကိုယ်ကျင့်တရားနဲ့ ပညာကသာ တန်ဖိုးအမြင့်မားဆုံးပါတဲ့။ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ သူ့ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းသလဲအပေါ်ပဲ မူတည်သလို၊ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာလည်း သူ့ရဲ့ ဆင်ခြေတုံတရားပဲ ခေါ်မလား။ အသိပညာအပေါ်မှာပဲ မူတည်တာလေ။
အထက်တန်းကျတဲ့သူဆိုတာ ရှင်တော်ဘုရားဟောခဲ့သလို ကိုယ်ကျင့်တရားနဲ့ အသိပညာမြင့်မားသူတွေကို ဆိုလိုတာပါ။ စကားလုံးရဲ့ တန်ဖိုးနဲ့ ထိုက်ထိုက်တန်တန် နေထိုင်သွားသူတွေပေါ့လေ။ ကိုယ်တွေကကော…တန်ဖိုးဆိုတာ ဘယ်လိုဖွင့်ဆိုချက်တွေနဲ့ နေထိုင်သွားကြမလဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြတယ်ဆိုရင်ပေါ့။ လူရယ်လို့ဖြစ်လာရန် သို့မဟုတ် သတ္တ၀ါဖြစ်လာရန် ခန္ဓာကိုယ်တည်းဟူသော အိမ်ကို အဘယ်လက်သမားသည် တည်ဆောက်လိုက်သနည်း။ လူတို့၏ နှလုံးသားသည် တပ်မက်မှု၊ ခက်ထန်ရက်စက်မှု၊ မုန်းတီးရွံရှာမှု၊ စသည် များဖြင့် အမြဲတမ်းပူလောင်နေ၍ သောကကိုရင်မှာပျိုးလျက် မျက်ရည်မိုးတို့ဖြင့် ဘ၀လမ်း ခရီးဝယ် လျောက်၍ နေကြရသည်။ နှလုံးသား၏ ထာဝရငြိမ်းချမ်းမှုကို အဘယ်နည်ဖြင့်ရရှိနိုင်သနည်း။ သောကနှင့် မျက်ရည်တို့ပြွမ်း သော ဘ၀၏ချုပ်ငြိမ်းရာကား အဘယ်နည်းဟု စစ်တမ်းထုတ်လေ့လာခဲ့ ကြသည်။

ဗုဒ္ဓမြတ်စွာသည် ဤပြာဿနာရပ်များ၏ အဖြေကို ကိုယ်တော်တိုင် စတင်တွေ့ရှိခဲ့၏။ ထိုတွေ့ရှိချက်တို့ကို လူသားတို့အား ညွှန်ပြဟောကြားခဲ့သည်။ ဥာဏ်မျက်စိတို့ကို ဖွင့်၍ ပေးခဲ့သည်။ ထိုကြောင့် ဗုဒ္ဓ၏ဦးဆောင်မှု အောက်တွင် ထိုခေတ်လူသားတို့သည် နာမ် ပိုင်းဆိုင်ရာ လေ့လာပြွမ်းတီးမှုများလှသဖြင့် နာမ်ပိုင်းဆိုင်ရာ စွမ်းရည်သတ္တိတို့ အထွဋ် ထိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ မာတင်လူသာကင်းကား “လူ့ဘ၀မှာ အသက်ရှည်ရှည်နေသွားရဘို့ထက် အသက်ရှင် ခိုက်မှာ ဘ၀ကိုတန်ဖိုးရှိရှိ အသုံးချသွားနိုင်ဘို့က ပိုအရေးကြီးပါတယ်။ နိုင်ငံနဲ့ လူမျိုးအတွက် ဆောင်ရွက်ရင်း သေရခြင်းဟာ အမြတ်ဆုံးသေခြင်းဖြစ်ပါတယ်”ဟုကြွေး ကျော်ခဲ့လေသည်။
“စူးစမ်းမှု မရှိသောဘ၀သည် မနေအပ်သောဘ၀ပေတည်း”ဟု ဆိုကရားတဲစ်က ကောက်ချခဲ့ဘူးသည်။


ပတ်ဝန်းကျင်ဆိုတာက အစတွေ့စမှာတော့ လူတယောက်မှာ မြင်သာတဲ့ စီးပွားရေးခိုင်မာမှုနဲ့၊ ပညာအရည်အသွေးကို ကြည့်တတ်ကြပေမဲ့ ရေရှည်ဆက်ဆံတဲ့အခါမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ ဒီလူ ဘယ်လောက် တည်ကြည်မှုရှိလဲ၊ စိတ်ဓာတ်ခိုင်မာလဲ၊ ကတိတည်လဲ၊ သစ္စာရှိလဲ စတာတွေကိုသာ ကြည့်ကြပါတယ်၊၊

စိတ်သဘောထားပြည့်ဝတဲ့လူဆိုတာ....
တခြားလူရဲ့ ရိုင်းပျတဲ့ စကားတစ်ခွန်းကြောင့် သူ့စိတ်ကို လှိုင်းမုန်တိုင်း မထန်စေဘူး။
တခြားလူရဲ့ ရိုင်းပျတဲ့ အပြုအမှုကြောင့် သူ့စိတ်ကို အမုန်းရန်ညိုးတွေနဲ့ မဖုံးလွှမ်း စေဘူး။

စိတ်ဆန္ဒသည် ထာဝစဉ် တည်မြဲစေသော ဆေးတစ်ပါးဖြစ်၏။ ထူးခြား အောင်မြင်သော အရာဝတ္ထုတိုင်း၏ မျိုးစေ့ဖြစ်သညါ။် ဘ၀ ဆုံးရှုံးသွားမှာကို မစိုးရိမ်ပါနဲ့.....ဘ၀ မစရသေးတာကိုပဲ စိုးရိမ်ပါ။ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ.... လူ့ဘဝဆိုတာ တိုတောင်းလွန်းတယ်။ ကိုယ့်ဘေးကလူတွေကို ကောင်းကောင်းဆက်ဆံပါ... နောင်ဘဝဆိုတာရှိရင်လဲ သူတို့နဲ့ကိုယ် ဆုံချင်မှဆုံလိမ့်မယ်။
လျှို့ဝှက်ချက်တစ်ခုကို ထိန်းထားတာဟာ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်တာထက် ပိုတန်ဖိုးရှိတယ်လို့ သင်သိတဲ့အချိန် သင်ရင့်ကျက်ပြီ။လူတချို့က ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့တောင် မရင်းနှီးဘဲ ကမ္ဘာ့အပြင်ဘက်မှာ တခြားဂြိုလ်သား ရှိမရှိဆိုတာကို စိတ်ဝင်စားကြတယ်။

ကိုယ့်ကိုယ်ကို စည်းရုံးသိမ်းသွင်းနိုင်တာဟာ အသိပညာရဲ့အောင်နိုင်ခြင်းဖြစ်တယ်။
ကိုယ့်ကိုယ်ကို လှုံ့ဆော်နိုင်တာဟာ စိတ်ဓာတ်ရဲ့ ကြီးမြတ်ခြင်းဖြစ်တယ်။
ကိုယ့်ကိုယ်ကို အောင်နိုင်တာဟာ ဘဝရဲ့ရင့်ကျက်ခြင်းဖြစ်တယ်။