နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မှတ်သားဖွယ်ရာများ စုစည်းမှု

အချို့သောစာအုပ်များမှာအခြားသော နေရာများမှ ကူးယူထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓသာသနာပြန့်ပွါးရေးကိုသာရှေးရှုသဖြင့် မူလစာအုပ်ပိုင်ရှင်များအနေဖြင့် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤကုသိုလ်ကောင်းမှုသည် လူသားတိုင်းအတွက်အရဟတ္တဖိုလ်၏အကြောင်းအထောက် အပံ့ ဖြစ်ရပါလို၏။

May all be well and happy

May we all transform our lives into lives of true security.

May each and every one of us attain four noble truth and Nibbana.

ဧည့်သည်


The Lord Buddha

The Lord Buddha
အတုမရှိ ဗုဒ္ဓမြတ်စွာ
နေ့ စဉ်ပွားပါ ဤငါးဖြာ
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အဘိဏှသုတ်

Life Series



Life is a series of test,
ဘဝဆိုတာဟာ စာမေးပွဲအဆင့်ဆင့်ပဲ။

Concealed in every new situation we face there is spiritual lesson to be learned and a spiritual blessing for us if we learn that lesson.
အတွေ့အကြုံတိုင်းရဲ့ နောက်ကွယ်မှာ မြင့်မြတ်တဲ့ သင်ခန်းစာရှိတယ်။ အဲဒီသင်ခန်းစာကို ကိုယ်က ရလိုက်တယ် ဆိုရင် ကိုယ့်အတွက် အဲဒါဟာ မင်္ဂလာတစ်ခု ပါပဲ။

It is good to be tested.
အစမ်းခံရတာ အစစ်ခံရတာ အင်မတန်ကောင်းပါတယ်။


It is good to be tested. We grow and learn through passing test.
စာမေးပွဲတွေကို အစစ်ခံပြီးတော့ အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့လူ ဖြစ်လာတယ်။ ကြီးပွား တဲ့လူ ဖြစ်လာတယ်။ အသိဉာဏ်ကော၊ စိတ်ဓာတ်ကော ကြီးပွားလာတယ်။


I looked upon all my tests as good experiences.
အစမ်းခံခဲ့ရတာတွေဟာ အားလုံးကောင်းပါတယ်လို့ပဲ မြင်လာမယ်။
ဘုန်းကြီးလည်း ငယ်ငယ်လေးကတည်းက လောကဓံတွေ အများကြီးကြုံခဲ့ရတာပဲ။ အခုပြန်ပြီးတော့ စဉ်းစားကြည့်တဲ့ အခါမှာ အဲဒါတွေ အားလုံးဟာ တော်တော် အကျိုးများပါတယ်။


We cannot expect to go through life without being confronted with pain.
ဒုက္ခနဲ့ မကြုံရဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံရဘဲနဲ့ ဘဝခရီးကို ဖြတ်သန်းသွားလို့ မရပါဘူး။


Through our meditative practice we can learn to experience pain without hurt.
တရားအားထုတ်ခြင်းအားဖြင့် စိတ်ဓာတ်တည်ငြိမ်မှု၊ အေးချမ်းမှု၊ ရင့်ကျက်မှု ရလာမယ်။ ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာမယ်ဆိုရင် ဒုက္ခနဲ့ ကြုံရပေမဲ့ စိတ်ဆင်းရဲမှု သိပ်မဖြစ်တော့ဘူး။

This is not too difficult and when we have learnt to experience pain without hurt we have gained something in the art of living.
 လောကဓံတရားနဲ့ ကြုံရတဲ့အခါမှာ စိတ်ဆင်းရဲမှု ကြီးကြီးမားမား မဖြစ်အောင် နေတတ်သွားပြီးဆိုရင် ဘဝမှာ နေနည်း အတတ်ပညာကို နဲနဲတော့ တတ်သွားပြီ။

အခက်အခဲမရှိတဲ့ဘဝဟာ မြင့်မြတ်မှု ဖြစ်ဖို့ အခွင့်အရေးမရှိတဲ့ဘဝ
အခက်အခဲတွေကို များများရင်ဆိုင်ပြီးတော့ သတိကြီးကြီး၊ ဉာဏ်ကြီးကြီး၊
သဘောထားကြီးကြီးနဲ့ ဖြေရှင်းနိုင်တဲ့သူ၊ ကျော်လွှားနိုင်တဲ့သူပဲ ဖြစ်ရပါလို၏။


But I would never wish such a life for any of you. What I wish for
is the great inner strength to solve your problems meaningfully and grow.
အခက်အခဲမရှိတဲ့ဘဝ သက်သက်သာသာနေရတဲ့ ဘဝမျိုးကို ရပါစေလို့ ဘယ်သူ့အတွက်မှ
ဆုမတောင်းဘူး။ ကိုယ့်ဘဝမှာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကို စိတ်ဓာတ်အင်အားကြီးကြီး၊
ဉာဏ်အင်အားကြီးကြီးနဲ့ ရင်ဆိုင်ပြီးတော့ကျော်လွှားနိုင်ဖို့၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့နေရာမှာ
အဓိပ္ပာယ်ရှိရှိ ဖြေရှင်းလိုက်ပြီးတိုင်း ပိုပြီးတော့ အသိဉာဏ်ကြီးတဲ့သူ၊ သဘောထားကြီးတဲ့သူ
ဖြစ်လာဖို့ လူကြီးဖြစ်လာဖို့ အဲဒီလို ဆုမျိုးပဲ တောင်းချင်ပါတယ်။




There was a time when I thought it was a nuisance to be confronted with a problem.I tried to get rid of it.I tried to get somebody else to solve it for me.But that time was long ago.It was a great day in my life when I discovered the wonderful purpose of problems.Yes, they have a wonderful purpose.




လှပတင့်တယ်၍
အဆင်းလည်းရှိ
အနံ့လည်းရှိသော ပန်းသည်
အနံ့ကြိုင်၍ လှိုင်သကဲ့သို့
ကောင်းစွာ ဟောတော်မူအပ်သည့်
ပိဋကတ် သုံးပုံတည်းဟူသော ဘုရားစကားတော်သည်
ရိုသေစွာ နာခြင်း၊ သင်ယူခြင်း၊ ကျင့်ခြင်းရှိသော သူအတွက်
အကျိုးများစွာရှိ၏။

Like a beautiful flower of colour
and also fragrant,
even so,
fruitful are fair words
of one who practices them.
***


သီလနှင့်ပြည့်စုံ၍ မမေ့မလျော့ နေလေ့ရှိသဖြင့်
တရားမှန်ကို ကောင်းစွာသိ၍
ကိလေသာမှ လွတ်မြောက်ကုန်သော
သူတော်ကောင်းတို့၏ သွားရာလမ်းခရီးကို
မာရ်နတ်သည် မသိ၊ ရှာ၍မရ။

Mara never finds the path
of the truly virtuous,
who abide in heedfulness
and are freed by perfect knowledge.
***




ခိုးသူတယောက်သည် မိမိကို ပြစ်မှားကျူးလွန်ဖူးသော
ခိုးသူတယောက်ကို မြင်သည်ရှိသော် သို့မဟုတ်
ရန်သူတယောက်သည် ရန်ဘက်တဦးကို မြင်သည်ရှိသော်
အကျိုးမဲ့ ဖျက်ဆီးခြင်းကို ပြုရာ၏။
(သို့ရာတွင် ဤတဘ၀တွင်သာ ပြုနိုင်၏)
ယုတ်မာသဖြင့် ရန်ညှိုးထားသော စိတ်သည်ကား
(အခုဘ၀ နောင်ဘ၀တို့၌ အကျိုးပေးတတ်သဖြင့်)
သာ၍ပင် အကျိုးမဲ့ ဖျက်ဆီးခြင်းကို ပြုနိုင်၏။

Whatever harm an enemy
may do to an enemy,
or a hater to a hater
an illed-directed mind
inflicts on oneself a greater harm.
***