နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မှတ်သားဖွယ်ရာများ စုစည်းမှု

အချို့သောစာအုပ်များမှာအခြားသော နေရာများမှ ကူးယူထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓသာသနာပြန့်ပွါးရေးကိုသာရှေးရှုသဖြင့် မူလစာအုပ်ပိုင်ရှင်များအနေဖြင့် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤကုသိုလ်ကောင်းမှုသည် လူသားတိုင်းအတွက်အရဟတ္တဖိုလ်၏အကြောင်းအထောက် အပံ့ ဖြစ်ရပါလို၏။

May all be well and happy

May we all transform our lives into lives of true security.

May each and every one of us attain four noble truth and Nibbana.

လူ့ဘောင် လူ့ရွာ


ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါဝယ်၊
လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည်း။
သန်းခေါင် လကွယ်၊
တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊
အပြည့်ဖုံးသည်၊မိုးလုံးတိမ်တိုက်၊
လျှပ်မကြိုက်သား၊ အမိုက်အပြား၊
အင်လေးပါးထက်၊ နင်ကားရာထောင်၊
မကမှောင်၏။
လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊
ကြမ္မာတော်၍၊ ယခုတွေ့လည်း၊
အလေ့မလွဲ၊ အများနဲလျှင်၊
မိုက်မဲနှင်နှင်၊ မိုက်စရွှင်၏။
မျက်မြင်လောက၊ ဤဘ၀ကား၊
ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။
သေမင်းအစာ၊ နင့်ခန္ဓာကို၊
တဏှာဘီလူး၊ အမှောင့်ပူး၍၊
အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင်၊ နင်ပိုင် မဟုတ်၊
နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို၊
နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊
မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊
နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ။
အာရုံဝတ္ထု၊ မီးစာစုကို၊
မှုမှုရရ၊ နင်အားကျလည်း၊
ဓားပြသေမင်း၊ သူ့တပ်နင်းက၊
မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။
ယီးတီးယားတား၊ သေ၍သွားလည်း၊
တရားမကြွယ်၊ အထုပ်ငယ်လျက်၊
အပါယ်စခန်း၊ သွားမြဲ လမ်း၌၊
တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊
တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊
ထိုထိုဘ၀၊ အနန္တလျှင်၊
အစမဆုံး၊ အများထုံးတည်း၊
အနှုန်းမပျက်၊ အောက်နရက်ဝယ်၊
တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
နင်လိုလူမိုက်၊ သွားလမ်းတည်း။

ဘ၀နဲ့ အတွေး


 ဒီလိုနဲ့  တစ်ရက်ပြီးတစ်ရက် ကွာကျခဲ့တဲ့ ပြက္ခဒိန်တွေနဲ့
တစ်လိပ်ပြီးတစ်လိပ် ခွါချခဲ့တဲ့ အတွေးတွေဟာ
အတူတူ စီးမျောနေလေရဲ့။
ဘ၀ဆိုတဲ့ ကာလ တစ်ခုရဲ့ အောက်မှာ
ဆည်းဆာပေါင်းများစွာ ကျော်ဖြတ်ခဲ့ရ။
ဘ၀ဆိုတဲ့ ကာလ တစ်ခုရဲ့ အောက်မှာ
ပျိုမျစ်ခြင်းတွေကို ချိုမြိန်စွာ စားသုံးခဲ့ရ။
တစ်ခါတစ်ရံ       မီးခဲမှန်းမသိ အချစ်မှန်းမသိ
အလှမှန်းမသိ မရဏမှန်းမသိ
မသိခြင်းတွေနဲ့ ကျော်ဖြတ်ခဲ့ရ။
တစ်ခါတစ်ရံ       ရန်သူဖြစ်တဲ့ တရားတွေနဲ့  ရည်မွန်စွာနေထိုင်ပြီး
မိတ်ဆွေဖြစ်တဲ့ တရားတွေနဲ့ ခါးခါးသီးသီး နေထိုင်ခဲ့ရ။
တစ်ခါတစ်ရံ       အချစ်ထဲမှာ မီးရှိခြင်း
မီးထဲမှာ အချစ်မရှိခြင်း ဒဿနတရားကို သွေဖီပြီး
မီးတိုးတဲ့ ပိုးဖလံဖြစ်ခဲ့ရ။
လွဲမှားစွာပဲ         သေချာနေတဲ့တရားကို မသေချာချင်ယောင်ဆောင်ပြီး
မသေချာတဲ့တရားတွေကိုတော့ သေချာနေချင်ပြန်ရ။
လွဲမှားစွာပဲ         နီးသင့်တဲ့တရားတွေနဲ့ ဝေးကွာပြီး
ဝေးသင့်တဲ့တရားတွေနဲ့ နီးပြန်ခဲ့ရ။
တကယ်တော့     အချစ်ဆိုတာ အာရုံတွေနဲ့ တည်ဆောက်ထားပြီး
ဘ၀ဆိုတာ ယုံကြည်ချက်နဲ့ တည်ဆောက်ထားတာပါ။
ဒီလိုနဲ့              တစ်ရက်ပြီးတစ်ရက် ကွာကျခဲ့တဲ့ ပြက္ခဒိန်တွေနဲ့
တစ်လိပ်ပြီးတစ်လိပ် ခွါချခဲ့တဲ့ အတွေးတွေဟာ
အတူတူ စီးမျောနေလေရဲ့။

Motto

  • Do not lose any of your share holder's money.
  • Stay away from the credit cards ( bank loan ) & invest yourself & remember.
  • Money doesn't create man but it is the man who created money.
  • Live your life as simple as you are.
  • Don't do what others say just listen them but do what you feel good.
  • Don't go on brand name just wear those things in which you feel comfortable.
  • Don't waste your money on unnecessary things just spend on them who really in need rather.
  • The happiest people DO NOT necessary have the best of all., they simply APPRECIATE what they find on their way.

Today

This is the beginning
of a New Day.
God has given me this day
to use as I will.
I can waste it
or grow in its light
and be of service to others.
But what I do
with this day is important
because I have exchanged
a day of my life for it.
When tomorrow comes,
today will be gone forever.
I hope I will not regret
the price I paid for it.

Myway

I expect to pass
Through this world but once.
Any good thing therefore that
I can do or any kindness I can show
To any fellow human being
Let me do it now.
Let me not defer nor neglect it.
For I shall not pass this way again...

Rules Of Living

Never put off till tomorrow
What you can do today.
Never trouble another for
What you can do ourself.
Never spend your money
before you have it.
Never buy what you do not want
because it is cheap.
Pride costs us more than hunger,
thirst, and cold.
We seldom repent having
eaten too little.
Nothing is troublesome
that we do willingly.
How much pain the evils have
cause us that have never happened.
Take things always by the smooth handle.