နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မှတ်သားဖွယ်ရာများ စုစည်းမှု

အချို့သောစာအုပ်များမှာအခြားသော နေရာများမှ ကူးယူထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓသာသနာပြန့်ပွါးရေးကိုသာရှေးရှုသဖြင့် မူလစာအုပ်ပိုင်ရှင်များအနေဖြင့် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤကုသိုလ်ကောင်းမှုသည် လူသားတိုင်းအတွက်အရဟတ္တဖိုလ်၏အကြောင်းအထောက် အပံ့ ဖြစ်ရပါလို၏။

May all be well and happy

May we all transform our lives into lives of true security.

May each and every one of us attain four noble truth and Nibbana.

ဝိဇ္ဇာ နှင့် စရဏ



လူတွေက သီလကို အကျင့်နဲ့ တွဲခေါ်တယ်. . . အကျင့်သီလလို့ပြောကြတယ်. . . အဲသည်တော့ သီလဆိုတာ အကျင့်ပါပဲ . . ကောင်းမွန် မြင့်မြတ်တဲ့ အကျင့်ကို သီလလို့ခေါ်ပါတယ်. . . ရိုးသားခြင်းဟာ အကျင့်သီလဖြစ်တယ်.. . သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုး မည်မျှကြီးကြောင်းကို ဟိန္ဒူ ပုံပြင်ကလေး တစ်ပုဒ် ကို နဲ့ ဖော်ပြပါ့မယ်

ရှေးအခါက ဇမ္ဗူဒီပါ တစ်ကျွန်းလုံးက ရိုသေလေးစားရတဲ့ ပြဟလားဒ် အမည်ရှိတဲ့ မင်းတစ်ပါးရှိတယ်. . . အဲသည်မင်းရဲ့ ဘုန်းတန်ခိုးဟာ တက်နေအလား တဖြည်းဖြည်း နတ်မင်းကြီး အရှင်အိန္ဒရာ သိကြားမင်းကတောင် သူ့ကို လေးစားရတယ်တဲ့ . .ပြဟလားဒ် မင်းဟာ နတ်ဘုံကိုတောင် သိမ်းပိုက်စိုးစံရန် စီစဉ်တဲ့အထိပဲ . . . . သိကြားမင်းက သည်အကြံကိုတားဖို့ ပုဏ္ဏားငယ်ယောက် ဆောင်တယ် . . ပြီးတော့ ပြဟလားဒ်ကို ဖူးမြော်တယ်.

"အသင်ပုဏ္ဏား ဘာအလိုရှိ၍ ရောက်လာသလဲ "

"ကျွန်တော်မျိုးရောက်လာခြင်းက အရှင်မင်းကြီးသည် ဘယ်သို့သော အကျင့်မြတ်ကို ၍ ဤသို့ ဘုန်းတန်ခိုးကြိးသလဲ ဆိုသည်ကို သိလိုသဖြင့် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်. . . ထိုအကျင့်ကိုလဲ သင်ကြားတတ်မြောက်လိုပါတယ်. . . . "

"အိုပုဏ္ဏား သင့်ကိုပေးရအောင် ကျွန်ုပ်မှာ မအားပါ. . . . . တိုင်းနိုင်ငံ အုပ်ချုပ်ရေး ကိစ္စက များတယ်. . . "

"အိုအရှင်မင်းကြီး ၊သင့်ကို အာစရိယ ဆရာလို့မှတ်ပါတယ်. . . ကျွန်ုပ်ကို တပည့်အဖြစ်သင်ပေးပါ. . ."

"ကဲ သည်မျှထိ ဖြစ်နေတော့လဲ သင့်ကို ပြောကြားနားလည် စေရတော့မှာပေါ့ . . ငါသင်ကြားတာကို မှတ်လော့ . ."

"ကောင်းပါပြီ အရှင်"

"ငါကား လောကအားလုံးကို အုပ်ချုပ်ရသော မင်းဧကရာဇ် ဖြစ်ပါလျက်နှင့် မင်းဟူသော အမှတ်ဖြင့် မည့်သည့်အခါမှ မာန်မာန မထား ၊ မာနကို ချိုးနှိမ်ပါတယ်. . ဒေါသအမျက်ကိုလဲ နှိမ်န်င်းသိမ်းဆည်းရတယ်. . ကာမဂုဏ်အာရုံကို လဲ ချုပ်ထိန်းရတယ်. . . . ရသေ့၊ရဟန်း ၊ ပညာရှိနဲ့ သက်ကြီး ရွယ်အိုတွေကိ ၀စီကံ၊ ကာယကံ၊ မနောကံနဲ့ စော်ကားခြင်း မပြုဘူး ၊ သူတို့ညွန်ပြတဲ့ ဓမ္မလမ်းကြောင်းအတိုင်း သာ လိုက်နာ ကျင့်ဆောင် တယ် . . ငါ့ရဲ့ ကျင့်ဆောင်ခြင်းက သီလပဲ ပုဏ္ဏားငယ်"

"သြော် သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုးပါလား . . အရှင်မင်းကြီးရဲ့ ရိုးသားခြင်း၊ အကျင့်သီလသည် ထိပ်ဆုံးရောက်အောင် ပို့တာပဲ . . "

"ကဲ ပုဏ္ဏားငယ် သင်သိပြီမို့ ပြန်ပေတော့ . . . "

"ကျွန်တော်မျိုး မပြန်လိုသေးပါ. . . အရှင်မင်းကြီးထံက တစ်စုံတစ်ခု တောင်းလိုပါတယ်. . . "

"တောင်းပါ ရွှေလား ၊ ငွေလား သင်ဆင်းရဲသလား . "

"ဆင်းရဲသော်လည်း ရွှေငွေမတောင်းလိုပါ. . . "

"ဟဲ့ ဘာများတုံး ၊ တောင်းစမ်း ငါပေးမယ်. . "

"ကျွန်တော်မျိုးလိုချင်တာ မင်းကြီးရဲ့ သီလပါ. . . "

"အဲဒါတော့ ပေးလို့ဘယ်ဖြစ်မှာလဲ"

"အဲဒီသီလကို သာ လိုချင်ပါတယ် ၊ ရိုးသားခြင်း သီလကိုသာ ကျွန်တော်မျိုးကို ပေးလိုက်ပါ. ."

"အင်း. . ငါပေးမယ်ဆိုတဲ့ ကတိအတိုင်း သင့်ကို ပေးလိုက်မယ်. . ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်တယ် မရှိရဘူးလေ. . ငါ၏ သီလအား ယနေ့ သင့်ကိုပေးပါတယ်. . . "

"ပုဏ္ဏားငယ်ယောင်ဆောင်တဲ့ နတ်မင်းကြီး ဟာ မင်းကြီးသီလကိုလည်းရရော ရတနာတွေရသလို ၀မ်းသာသွားပြီး နန်းတော်က ထွက်ခွာသွားတော့တယ်. . ."

မင်းကြီး ဟာ အဲသည်မှာ စိတ်မချမ်းမြေ့စွာ တစ်ယောက်တည်း ထိုင်မှိုင်နေတယ်. . တိတ်ဆိတ်စွာ ထိုင်နေစဉ်မှာပဲ သူ့ကိုယ်ထဲက သူနဲ့တူတဲ့ ကိုယ်ပွား တစ်ခု ထွက်လာတယ် . .

"အိုသင်ဘယ်သူလဲ. . . ငါ ဟာ သီလပါ . . သင့်ရဲ့ သီလပါ. . သင်က ပုဏ္ဏားငယ်ကို ငါ့အား ပေးလိုက်တဲ့အတွက် ငါသွားရပါတော့မယ်. . သင့်ကို ငါနှုတ်ဆက်တာပါ. .

အဲသည်လိုပြောပြီး ကိုယ်ပွား ပျောက်သွားတယ်. . .

မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .

မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .

"သင်ဘယ်သူလည်း . . "

"ကျွန်ုပ်ကို ဓမ္မဟု သိရှိပါ. . သီလရှိရာတွင် ကျွန်ုပ်နေနိုင်တယ်. . . သီလကိုယူသွားသော ပုဏ္ဏား နောက်သို့ ကျွန်ုပ်လိုက်ရပါတော့မယ်. . . "

"အို. . . ဓမ္မရယ်. . "

တစ်ဖန်မကြာခင်မျာပဲ ပြဟလားဒ်မင်းရဲက ခန္ဓာကိုယ် အတွင်းက အလျှံ တပြောင်ပြောင် တောက်လောင်တဲ့ တတိယ ကိုယ်ပွား တစ်ခု ထွက်လာတယ်. .

"အို . . .သင်ကရော. . . ဘယ်သူလဲ. . . . "

"ကျွန်ုပ်က သစ္စာလို့လဲ ခေါ်တယ်. . . အမှန်တရားလို့လည်းခေါ်ကြပါတယ်. . . ဓမ္မတည်ရာမှာသာနေပါတယ်. . . "

"သင် က ဓမ္မနောက်ကို လိုက်မှာပေါ. . . . "

"ဟုတ်ကဲ့ပါအရှင်. . . . "

တစ်ဖန် စတုတ္ထမြောက် ကိုယ်ပွား တစ်ခု ပေါ်လာပြန်ရော. . . ဘုရင်ကြီးမမေးခင်မှာ သူက ဖြေတယ်. .

"ငါကား စာရိတ္တဖြစ်တယ်. . . "

"သင်ကော ဘယ်သို့သွားမည်လဲ. . . "

"ငါက သစ္စာ အမှန်တရားနောက် ကိုလိုက်မယ်. . . . "

ပဉ္စမကိုယ်ပွား ပေါ်ပေါက်လာချိန်မှာ ပြင်းထန်တဲ့ အသံကြီး ပေါ်လာတယ်. .

"ငါသည်ကား ဗလခေါ် အင်အားပဲ၊ သင်နှင့် ငါမနေ စာရိတ္တနောက်သို့ ငါလိုက်သွားမယ်. . . "

အဲသည်လို သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ ထွက်သွားပြီးချိန်မှာ ကိုယ်ရောင် ကိုယ်ဝါ အသွင် ထွန်းလင်းတောက်ပလျက် ကောင်းခြင်း မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါးဟာ မင်းကြီးရဲက ကိုယ်တွင်းက ထွက်ပေါ်လာပြန်တယ်. .

"ကျွန်ုပ်သည်. . ရှရီ (လက်ချမီး ) နတ်သမီးဖြစ်တယ်. . ကျွန်ုပ်သည် သင့်ရဲ့ ကျက်သရေနဲ့ ချမ်းသာ သုခ အဖြာ ဖြာကို တိုးပွားစေခဲ့တယ်. . နှစ်ပေါင်းများစွာ သင့်ထံမှ တည်နေခဲ့သော်လည်း ယနေ့တော့ သင့်ကို ငါ စွန့်ခွာရတော့မယ်. . .သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ရှိရာ. ငါလိုက်ပါရမှာ အမှန်ဖြစ်တယ်. . အဲဒီငါးဦး ငါးမျိုးထံမှာ သာ ကျွနု်ပ် တည်တယ်. . ."

"အိုဒေ၀ီမြတ် ခေတ္တနေပါဦး၊ ကျွန်ုပ်မှာ ဘယ်လိုမှားယွင်းမှုပြုခဲ့ပါပြီလဲ ပြောပြပါ. . . ကျွန်ုပ်ထံလာသော ပုဏ္ဏား က ဘယ်သူလဲ . . "

"အသင်မင်းကြီး၊ ပုဏ္ဏားငယ်ကား နတ်ဒေ၀တို့ရဲ့ အရှင်သခင် အရှင် အိန္ဒရာ သိကြားမင်းဖြစ်ပါတယ်. . . သင့်ရဲ့ ဘုန်းတန်ခိုးလျော့သွားအောင်. . နတ်ဘုံကို မသိမ်းသွင်း မတိုက်ခိုက်နိုင်အောင် သိကြားမင်း ဟာ သင့်ထံမှာ သီလကို တောင်းခံသွားခြင်းဖြစ်ပါတယ်. . . . . အို ပြလဟား . . ဒီလောကမှာ ကြီးကြယ် မြင့်မြတ်တဲ့ အကျိုးတရားတွေ ဖြစ်ထွန်းစေနိုင်တဲ့ အရာတွေဟာ ဤတရားတွေပဲ . . အဲဒီတရားတွေကို အခြေပြုတာ ရိုးသားခြင်း အကျင့်သီလပဲ. . . ."

မင်းကြီး ဟာ နောင်တကြီးစွာ ရတယ်. . လူ့ဘ၀မျာ ရိုးသားသော အကျင့်သီလ ရှိတဲ့ သူတွေမှာသာ မြဲတဲ့ ချမ်းသာ သုခ ဖြစ်လေ့ရှိပါတယ်. . . သီလနဲ့ ကင်းကွာ တဲ့ ချမ်းသာ သုခဟာ မတည်မြဲပဲ ပျောက်ကွယ် သွားတတ်ပါတယ်. . .

လောကကြီးမှာ မိမိကိုယ်ကို ထိန်းသိမ်းမှု အကျင့်သီလဟာ တန်ခိုးနဲ့ တန်ဖိုးအကြီးဆုံးပါပဲ. .
သူပျက်ရင် အရာ အားလုံးပျက်တာမို့ မိမိကိုယ်မိမိ ထိန်းသိမ်းမှု အကျင့်သီလကို နည်းနည်းလေးမှ မပျက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်. .

လူဆိုတာ ခန္ဓာကိုယ်ကို ရေမိုးနဲ့ သန့်စင်နိုင်ပါတယ်. . ရိုးသားခြင်းနဲ့ စိတ်ဓာတ်အား မှန်ကန်ခြင်းကိုတော့ သစ္စာတရားနဲ့ သာ သန့်စင်နိုင်ပါတယ်. .


ထူးအောင်မြင်

ကံကောင်းစေရန်

မိမိဘ၀ကံအကြောင်းမလှ၍ စိတ်ညစ်နေရလျှင် ဤဆောင်းပါးကိုဖတ်ပါ. . . ပျော်ရွှင်ချမ်းမြ ပြည့်စုံသောဘ၀မှာ ကံကောင်းနေသူဖြစ်လျှင်မူ ဤ စာအုပ်ကို ဖတ်ရှုနေရန် မလိုအပ်ပါ. . . .

ပြစ်တင်ရှုတ်ချ ၀ိုင်းပယ်ခံရသဖြင့် ညှိုးမှိမ်နိမ့်ကျ နေသလော
ဥစ္စာစည်းစိမ် ဆင်းရဲချို့တဲ့နေသလော
အနာရောဂါ နှိပ်စက် ဖိစီးသလော
အကျည်းတန် အရုပ်ဆိုး၍လော
အသက်အန္တရာယ် နီးကပ်နေသလော. .

မည်သို့ပင်ဖြစ်စေ ၊ ကံကောင်းစေရန် မဖန်တီးနိုင်သော်လည်း ကံကောင်းစေသော နည်းလမ်းကို ယခုအချိန်မှ စ၍ လမ်းစကို သင်မြင်ရပါပြီ. . .

အောက်ပါပုံပြင်လေးကို သင်ကြားဖူးကောင်း ကြားဖူး ပါလိမ့်မယ်. . .

အခါတစ်ပါး ချစ်ခင်သော သူငယ်ချင်းနှစ်ယောက်သည် ခရီးတစ်ခုကို အတူလာခဲ့ကြလေသည်. . .တန်ဆောင်မုန်း လပြည့်နေ့ည ဖြစ်၍ သူတို့သည် တောင်ခါးပန်း လမ်းခုလတ်သို့ ရောက်သော အခါ တိုင်ပင်ကြလေသည်. .

တစ်ယောက်က မီးထွန်းပွဲတော်ဖြင့် စည်ကားနေသော တောင်အောက် မြေပြန့်သို့ ဆင်းချင်သည်. . . ဆိုင်းသံ၊ ဗုံသံ ဆိုကသံ၊ ကညာပျိုအလှတွေဖြင့် ဘာမဆိုရနိုင်သည့် နေရာဖြစ်သည်. . . ပထမလူက တောင်ခြေပျော်ပွဲမှာ ပါဝင်နွဲချင်နေသည်. . .

နောက်တစ်ယောက်က တောင်ပေါ်ဘုရားဆီသို့ တက်၍ ဖူးချင်သည်. . ဟိုမှာ ဘာဝနာ ကမ္မကျပဠာန်းတရား သွားရောက် ရှုပွားချင်သည်. . အေးချမ်းဆိတ်ငြိမ်သော တောင်ပေါ်ဘုရား ရင်ပြင်ပေါ်မှာ တရားရှုမှတ် ကောင်းမြတ်သော အလုပ်ကို လုပ်ချင်သည်. . .

နှစ်ယောက်သား ၀ိဝါဒ ကွဲပြားသည်. . . ထို့နောက် နံနက်မိုးသောက် အလင်းရောက်သောအခါ ဤနေရာမှာ ပြန်လာဆုံကြစို့. . . . ထို့နောက်မှ ခရီးအတူဆက်ကြရင် တိုင်ပင်ပြီး လမ်းခွဲကြလေသည်. . . အပျိုကညာ ပေါရာသို့ သွားချင်သူ က တောင်ခြေသို့ ဆင်းသွား၏. . . . ဆိတ်ငြိမ်ရာမှာ တရားရှာမှီးချင်သူက တောင်ပေါ်သို့ တက်သွားလေ၏. . . .

တောင်ပေါ်သို့တက်ပြီး ရင်ပြင်ပေါ်တွင် စင်္ကြလျှောက်ရင်း ၊တင်ပျဉ်ခွေထိုင်ရင်း တရားရှုမှတ်သူသည် သူ့အလုပ်သူလုပ်သည်. . သို့ဖြင့် သန်းခေါင်ကျော်လာရာ သူသည် သစ်ပင်တစ်ပင်ရင်း၌ ထိုင်၍ ကမ္မဠာန်းတရားများ ပွားများ စီးဖြန်းနေလေသည်. . .

ထိုစဉ် သစ်ပင်ပေါ်မှာ သစ်ကိုင်းခြောက် တစ်ချောင်း သည် ရုတ်တရက် ဖြောင်းခနဲက ကျိုးကျ၍ ထိုသူ၏ ပေါင်ပေါ်တည့်တည့်သို့ ရိုက်ချိုးလိုက်သကဲ့သို့ ပြင်းစွာ ကျလေ၏. . . . ထိုသူသည် ခြေသလုံးတွင်တွင် ကျိုးလုမတတ် နာကျင်ရလေသည်. . . တတ်နိုင်သမျှ တရားဘာဝနာ ကြိုးစားရှုမှတ်၏. . . လင်းသောအခါ တုတ်အကူ တောင်ဝှေးကို ထောက်လျှက် မိတ်ဆွေနှင့် ဆုံရမည့်နေရာသို့ ခပ်ဖြည်းဖြည်း ဆင်း၍လာခဲ့လေသည်. . . .

အပျော်အပါး အသောက်အစား စည်းစိမ်အရသာတွေ တစ်ဝကြီးခံစားခဲ့ရသော အခြားသူသည်. . .နံနက်မိုးသောက် အလင်းရောက်သော် အိပ်ရာမှ ထ၍ သူငယ်ချင်းနှင့် ချိန်းဆိုရာဘက်သို့ ထွက်ခဲ့လေ၏. . . လမ်းတွင် အထုပ်တစ်ထုပ်ကောက်ရလေ၏ . . ဖွင့်ကြည့်ရာ အသပြာတစ်ထောင် တိတိ ပိုင်ရှင်မရှိတွေ့ရသဖြင့် ၀မ်းသာအားရယူ၍ ချိန်းဆိုရာနေရာသို့ ရောက်လာလေ၏. . .

နှစ်ယောက်သားတွေ့ဆုံကြသောအခါ မိမိတို့ တွေ့ကြုံခဲ့သမျှကို နှီးနှောပြောဆိုကြလေသည်. . . . ဘုရား ကုန်းတော်ရင်ပြင်တော်ပေါ်သို့ တက်၍ ကမ္မဠာန်း ဘာဝနာ စီးဖြန်းခဲ့သည့်သူက ခြေကျိုးခဲ့သည်. . ကညာအလှ မဒီ တရုန်းရုန်းနှင့် သာယာသမျှ အရယ်ရယ် အပြုံးပြုံးနေလိုက်သူက အသပြာ တစ်ထောင် ထုပ်ပင် ရခဲ့ချေသေး. . .

ကောင်းရာလုပ်လို့ ကောင်းကျိုးမရ.
မကောင်းရာလုပ်လို့ ဆိုးကျိုးမရ. .
ကောင်းရာလုပ်လည်း ဆိုးကျိုးရ၏
မကောင်းရာလုပ်လည်း ကောင်းကျိုးရ၏.

နှစ်ယောက်သား ဤသို့ခံယူနားလည်မိကြောင်း ပြောဆို၍ ခရီးဆက်ခဲ့ကြရာ ကျောင်းသင်္ကန်း တစ်ခုသို့ ရောက်ရှိကြလေသည်. . .ထိုကျောင်းမှ ပညာဥာဏ်ရောင် ထင်ရှားသော ဆရာတော် ရဟန်းအား အကျိုးအကြောင်း လျှောက်ထားသောအခါ ဆရာတော်က ဤသို့ မိန့်ဆိုလေသည်. . . .

"ဒကာတို့ အတွေ့အကြုံကို နမူနာကောက်ယူ မူတည်၍ လောကနိယာမအဖြစ် ဆွဲယူကြခြင်းဖြင့် ကံနှင့် ပတ်သက်၍ ဒကာတို့ အထင်မှားနေပြီ

ပထမဒါယကာသည် ကောင်းမှုကုသိုလ်ပြုသည် မှန်၏. . .သူ့မူလကံအရ သစ်ကိုင်း ကျိုးကျ ခြေထောက် ဒဏ်ရာရရုံမျှ မဟုတ်သေး . . . သစ်ပင်ပိကျ ချက်ချင်း သေရမည့် ဘေးနှင့် ကြုံရမည်ဖြစ်၏. . . သို့ရာတွင် လတ်တလော ကုသိုလ်ကံ တားဆီးသဖြင့် ခြေထောက်ကျိုးရုံ မျှသာဖြစ်အောင်. . ထိုကုသိုလ်ကံက သက်သာရာရစေခဲ့သည်. . . .

ဒုတိယဒါယကာသည် သူ့အတိတ်ကံအကြောင်းအရ အသပြာမျှသာမဟုတ် . . .ရွှေထုပ် ၊ စိန်ထုပ်၊ ပတ္တမြားထုပ်များ သုံးမကုန် လှုမခန်းအောင် ချမ်းသာသည်အထိ ကောက်ယူ ရရှိကြွယ်ဝရမည့် သူဖြစ်လေ၏. . သို့ရာတွင် ထိုနေ့ညက မကောင်းမှု တို့၌သာ ယစ်မူးသာယာနေလိုက်မိသဖြင့် အသပြာ ကုဋေကုဠာ ထိုက်သော ရတနာတို့မရတော့ဘဲ ငွေတစ်ထောင် အထုပ်လိုက်ကလေးသာ ကောက်ရပေသည်. . လတ်တလော ဒုစရိုက်ကံကြောင့် ရမည့် အကျိုးပေးတရား လျော့နည်း ဆွံ့ပါးသွားရသည်. . . အဲဒါက ကံတရားပဲ. . . " ဟု မိန့်လေသည်. . . . . . .

ကောင်းမှုကုသိုလ်ဖြစ်စေ၊ မကောင်းမှု ဒုစရိုက်ဖြစ်စေ ချက်ချင်း လက်ငင်း ဓာတ်လိုက်သလို ခံစားရသော ဂရုကံမျိုး လည်းရှိသည်. . တဖြည်းဖြည်းမှ သရက်သီး ၊ပိန္နဲသီးကဲ့သို့ ရင့်မှည့်လာမှ ချိုမြိန်ရသော ကံမျိုး အကျိုးပေးပုံလည်းရှိသည်. . .

လုံလောက်သော ရင့်ကျက်မှု အထိရောက်ရှိအောင် ကောင်းမှုဟူသမျှ တိုးတက်အောင် ပြုလုပ်ရသည်. . . မကောင်းမှုကိုလည်း ပါးသည်ထက်ပါး နည်းသည်ထက်နည်းအောင် ပြုလုပ်ရသည် . . . . အဟုန်သဘော တစ်ခုနှင့် တစ်ခု စုပေါင်းအားပြုမိသောအခါ ကြီးမားသော အကျိုးကိုပေးလေသည်. . .

ကံဆိုသည်မှာ စေတနာဖြစ်သည်. . စေတနာ ထက်သန်သည်နှင့်အမျှ ကံအကျိုးပေး ထက်မြက် ထိရောက်သည်. . (ကံ) စေတနာမပါလျှင် ကံအကျိုးပေးမထက်မြက်ချေ. . .

ကံဆိုသည်မှာ ကောင်းကင် နဂါးငွေ့တန်း Milky Way ကြီးပမာ ဖြစ်သည်. . . ကြယ်ကလေးပေါင်း ထောင်သောင်း များစွာ သေးငယ်မှုမွှားလှစွာသော မမြင်သာလောက်သည့် စေတနာ၊ သဘောထား၊ အလေ့အထ အပြုအမူများမှသည်. . . ကြီးမားသော အလင်းရောင် အဖြူတန်းကြီး စုဝေးပေါ်ပေါက်လာကဲ့သို့ အကျိုး ပေါ်ထွက်ရသည်. . . .

ကောင်းသောကံ (အပြုအမူ) ကလေးများကို သေးမွှားသည် နည်းပါးသည် မဆိုဘဲ စုဆောင်းပါ. . . များသည် ထက်များ ၊ ပွားသည်ထက်ပွားအောင် စုဆောင်းပါ. ကောင်းကျိုး မုချဧကန် ရပါလိမ့်မည်. . . ဤသည်ကား နိယာမတရားတည်း. . . . .

ချစ်နိုင်(စိတ်ပညာ)

ကိလေသာမီး

အမြဲမပြတ် ကိလေသာမီး တညီးညီး
တောက်လောင်နေပါလျက် အဘယ်ကြောင့် 
သင်တို့ ပျော်မြူးရယ်ရွှင် နေဘိသနည်း၊
အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း။ 
အရှင်ရေ၀တ(ဖားအောက်တောရ)



*~~မိစ္ဆာပဏိဟိတံစိတ္တံ
ပါပိယောနံတတောကရေ~~*
( မကောင်းသောစိတ်ထားသည်
ထိုစိတ်ရှိသူအား ယုတ်ညံ့ဆိုးရွား
သူဖြစ်အောင်ပြုတတ်၏ )
*~~သမ္မာမဏိဟိတံစိတ္တံ
သေယျသောနံတတောကရေ~~*
( ကောင်းသောစိတ်ထားသည်
ထိုစိတ်ရှိသူအား အထက်တန်းကျ
သူဖြစ်အောင်ပြုတတ်၏ )
ဒုက္ခပတ္တာ စ နိဒ္ဒုက္ခာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
     ဘယပတ္တာ စ နိဗ္ဘယာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
     သောကပတ္တာ စ နိေဿာကာ ဟောန္တု သဗ္ဗေပိ ပါဏိနော။



 အပြစ်ငါ့တွင် ၊ ရှိသည်ထင်၍
နာကျင်စေနိုး၊ သူ့အငြိုးကို
စိတ်ဆိုးစိတ်မာန် ၊ မတုံ့ပြန်ဘဲ
သည်းခံလျက်ငါ ခွင့်လွှတ်ပါ၏။

အမှားင့ါတွင် ၊ ရှိသည်ထင်၍
ငြိုငြင်ဆူဆဲ၊ ပြင်းစွာမဲကာ
နင်ဘဲငဆ၊ သူရှုတ်ချလည်း
ဒေါသခက်ထန်၊ မတုံ့ပြန်ဘဲ
သည်းခံလျက်ငါ ခွင့်လွှတ်ပါ၏။

အပြစ်အမှား၊ ရှိလိမ့်လားဟု
ယုံမှားတွက်ဆ၊ သံသယဖြင့်
ငါ့ကို အငြိုး၊ ကြိမ်ကြိမ်ပျိုးလည်း
မိုးတိမ်လွင့်စင်၊ လစန်းရှင်သည်
ကြည်လင်ညံ့နု၊ရွှေရည်ဥသို့
သူ့တွင်ဒေါသ၊ မာန်မာနတို့
ကွယ်ပကင်းပျောက် ၊ အမှန်ရောက်သော်
ချောက်ချောက်ချားချား၊ နှုတ်စကားဖြင့်
ငါ့အားတစ်ဖန်၊ သူတောင်းပန်သော်
သည်းခံလျက်သာ ၊ခွင့်လွှတ်ပါ၏

သို့ပါသော်ငြား ၊နှလုံးသားမှ
လှုပ်ရှားဝေ့လည်၊ စမ်းနှယ်ကြည်သည့်
မျက်ရည်တစ်စက်၊ လွင့်ကြွေသက်၏
ရက်စက်သူတို့ မမြင်နိုင်။ ။

မြင်းမူမောင်နိုင်မိုး

Dealing with insult

The Buddha explained how to handle insult and maintain compassion.
One day Buddha was walking through a village. A very angry and rude young man came up and began insulting him. "You have no right teaching others," he shouted. "You are as stupid as everyone else. You are nothing but a fake."
Buddha was not upset by these insults. Instead he asked the young man "Tell me, if you buy a gift for someone, and that person does not take it, to whom does the gift belong?"
The man was surprised to be asked such a strange question and answered, "It would belong to me, because I bought the gift."
The Buddha smiled and said, "That is correct. And it is exactly the same with your anger. If you become angry with me and I do not get insulted, then the anger falls back on you. You are then the only one who becomes unhappy, not me. All you have done is hurt yourself."
"If you want to stop hurting yourself, you must get rid of your anger and become loving instead. When you hate others, you yourself become unhappy. But when you love others, everyone is happy."
The young man listened closely to these wise words of the Buddha. "You are right, Enlightened One, "he said. "Please teach me the path of love. I wish to become your follower."
The Buddha answered kindly, "Of course. I teach anyone who truly wants to learn. Come with me."

Beautiful Quotes
If you are right then there is no need to get angry
And if you are wrong then you don't have any right to get angry.
Patience with family is love,
Patience with others is respect,
Patience with self is confidence, and
Patience with GOD is faith.
Never Think Hard about PAST,
It brings Tears...
Don't Think more about FUTURE,
It brings Fears...
Live this Moment with a Smile,
It brings Cheers.!!!!
Every test in our life makes us bitter or better,
Every problem comes to make us or break us,
Choice is ours whether we become victim or victorious !!!

Search a beautiful heart not a beautiful face.
Beautiful things are not always good
but good things are always beautiful.
Remember me like pressed flower in your Notebook.
It may not be having any fragrance
but will remind you of my existence forever in your life
.
Do you know, why God created gaps between fingers?
So that someone who is special to you, comes and fills those gaps by holding your hands forever.


ကံ မြောက်ခြင်း မမြောက်ခြင်းနှင့် ကံပြတ်ခြင်း

ကံ၊ ကံ၏အကျိုးနှင့် ပတ်သက်၍ ဆွေးနွေးကြ သုံးသပ်ကြပြီးသည့်နောက် ကံမြောက်၏ မမြောက်၏ဆိုသည်ကို သိဖို့ရန် လိုအပ် လာပြန်သည်။ ကုသိုလ်ပဲဖြစ်စေ အကုသိုလ်ပဲဖြစ်စေ    လုပ်တိုင်း လုပ်တိုင်း အောက်ပါအချက် ၃ ချက် နဲ့ တိုင်းတာ ကြည့်သင့်သည်-

၁)စ့ဆော်မှုစေတနာပါမပါ။တနည်းဆိုလျှင် အထမြောက်စေလိုသော ရည်ရွယ်ချက်ရှိခြင်းမရှိခြင်း။စတနာထက်သန်ခြင်း၊ မထက်သန်ခြင်း။
၂)ကံကံ၏အကျိုးကိုယုံကြည်တဲ့ဉာဏ်ယှဉ်မယှဉ်။    
၃) သီလသမာဓိပညာ ဘုန်းကံကြီးတဲ့သူကို ရည်စူးမိခြင်း ရှိ မရှိ။     
        
  ဤ၃ချက်အားကောင်းမှုမကောင်းမှုအပေါ်မူတည်၍ကံအကျိုးပေးအနည်းအများကွာပါသည်။တစ်ခုတည်းကိုရွှေးထုတ်ပြရလျှင်စေတနာသည်သာအခရာကျနေပါသည်။သိလျက်ပြုခြင်းမသိ၍ပြုခြင်းအပိုင်းတွင်ဒိဌိနဲ့ယှဉ်လျက်အကောင်းအဆိုးမသိခြင်းနှင့်ဒိဌိကင်းသော်လည်းမရည်ရွယ်ပဲမသိ၍လုပ်မိခြင်းတို့ရှိသည်။ဒိဌိမကွာသေးသူမှာ အမှားကိုအမှန်ထင်ပြီးလုပ်သောကြောင့်လုပ်မိသမျှစိတ်အားထက်ထက်သန်သန် လုပ်မိသောကြောင့် အပြစ်ပို ဖြစ်နေတတ်သည်။ ဒိဌိကင်းသောသူများမှာမလုပ်ခင်မှာပင်အမှားအမှန်ဆန်းစစ်လေ့ရှိသဖြင့်အမှားမှန်းသိသိဖြင့် ရည်ရွယ်ချက်ရှိရှိဘယ်သောအခါမျှမလုပ်ကြပါ။တခါတရံအပြစ်သင့်နိုင်သောကိစ္စတွေလုပ်မိတဲ့အခါအပြစ်မဖြစ်ဘူးလားမေးလျှင်ဖြစ်စေလိုတဲ့စေတနာမပါလို့ကံမမြောက်ပါဟုယုံကြည်ပါသည်။ကြောင့်ကြမစိုက်ပဲမရည်ရွယ်ပဲလုပ်မိသည့်အလုပ်များကိုဥပမာပြရလျှင်လမ်းသွားရင်းပိုးကောင်းလေးများ၊ပုရွက်ဆိတ်လေးများတက်နင်းသည့်ကိစ္စမျိုးကိုဆိုလိုပါသည်။တက်နင်းရင်သေမည်ကိုသိသည်။သေလည်းမတတ်နိုင်၊တက်နင်းမည်ဆိုလျှင်သေစေလိုသောစေတနာပါပါသည်။ကံမြောက်ပါသည်။မမြင်မိပဲတက်နင်းမိသည်သေစေလိုသောစေတနာမပါ၍ကံမမြောက်ပါ။မျက်စိကောင်းလျက်ကြည့်လျှင်မြင်နိုင်ပါလျက်“ငါတော့မကြည့်ပဲလျောက်ပြီ။ရှေ့ကဖြတ်မလာနဲ့။တက်နင်းမိရင်မတော်တဆပဲ”ဟူ၍လျှာက်သော်မရည်ရွယ်သော်လည်းသေစေလိုတဲ့စေတနာမကင်းပါ။တဖန်အကုသိုလ်ဖြစ်မည်ဆိုး၍တကူးတကအောက်ကြည့်ပြီးတလှမ်းချင်းသွားနေလျှင်လည်းခရီးကမတွင်ချေ။ထိုသို့အစွန်းမရောက်ပဲအမှုမဲ့အမှတ်မဲ့လည်းမသွား။တွ့မိရင်တက်မနင်းမိအောင်ရှောင်မည်ဆိုသူများတွင်သေစေလိုသောဆန္ဒနဂိုကတည်းကမပါပါ။အကယ်၍နင်းမိလျှင်လည်းသစေလိုတဲ့ရည်ရွယ်ချက်ဖြင့်တက်နင်းနေခြင်းမဟုတ်သဖြင့်စေတနာမပါသောကြောင့်ကံမမြောက်ပါ။ထိုအတူကားမောင်းနေရင်းခွေးကလမ်းပေါ်ဖြတ်လာခြင်းမျိုးတွင်သစေလိုတဲ့ဆန္ဒမရှိသဖြင့်ကြိုးစားဘရိတ်အုပ်သော်လည်းမလွတ်ပဲတိုက်မိ၍ခွးသေခဲ့လျှင်ပါနာတိပါတမမြောက်ဘူးဟုနားလည်ပါသည်။ဤနေရာမှာခွေးသေသောကိစ္စကိုဥပေက္ခာသဘောထားရမည်။သတ္တ၀ါမှန်သမျှကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိသည်မဟုတ်ပါလား။ထိုသို့မဟုတ်ပဲ“တော်တော်ဆိုးတဲ့ခွေးအတင်းဖြတ်တယ်၊ သေတာပဲအေးတယ်”ဆိုလျှင်ဖြင့်ပုဗ္ဗ္ပနဲ့မုဉ္စမှာမမြောက်ပဲအပရစေတနာဖြစ်စေလိုတဲ့စတနာမပါပါဘူး”ဟုပြောလည်းကံကဖြင့်ပြီးမြောက်သွားပါပြီ။ဖစ်နေတဲ့အချိန်တွင်ကျုးလွန်းသည့်ကာယကံအမှုသည်ဒေါသစိတ်နဲ့အတူ စေတနာစေတသိတ်မပါပဲ မပြီးပါ။ မိမိကိုယ်မိမိသာ လှည့်စားလို့ရမည်။ကမ္မနိယာမဟူသောသဘာဝတရားကခွင့်လွတ်မည်မဟုတ်။အရိပ်လိုလိုက်မည်မုချဖြစ်ပါသည်။စေတနာအနည်းအများလိုက်လို့ကံအကျိုးပေးအနည်းအများသာကွာနိုင်ပါသည်။
         
ကာမသုကိစ္စမျိုးတွင်ပိုးကောင်းလေးတွေတက်နင်းသလိုအမှတ်တမဲ့မတော်တဆကာမဆက်ဆံမှုဟုပြောမရတော့ပါ။ထိုကိစ္စမျိုးသည်အားထုတ်မှုမပါပဲဖြစ်သည့်ကိစ္စမဟုတ်ပါ။မပြုခင်ပြုဆဲမှာပါစေတနာဦးဆောင်သောကံအမှုမဟုတ်ပါလား။တဖက်ကကာမပိုင်ရှိဖြစ်နေသည်ကိုကိုယ်သိသည်ဖြစ်စေမသိသည်ဖြစ်စေကံမြောက်သွားပါပြီ။ထို့ကြောင့်ကာမသုမိစ္ဆာစာရကံသည်နှစ်ဦးသဘောတူတူမတူတူကံမပြုခင်၌အကုသိုလ်ဖြစ်နိုင်သည်မဖြစ်နိုင်သည်ကိုမိမိဘာသာဦးစွာသိအောင်လုပ်သင့်ပါသည်။ကာမပိုင်ရှိတာသိသွားလျှင်ဖြင့်အကုသိုလ် ဖြစ်တော့မည်။မသိလျှင်လွတ်သည်ဟုယူဆထားသူများကို ကမ္မသတ္တိက အပြစ်မှ ကင်းလွတ်ခွင့် ပြုလိမ့်မည်မဟုတ်။
         
  ခိုးခြင်းအမှုလည်းတူတူပင်။ကံမပြုခင်ပြုဆဲပြုပြီးစေတနာဗျာပါရများသောအမှုကိစ္စဖြစ်ပါသည်။ဘေးလူကကိုယ်မသိအောင်ကိုယ့်အိတ်ထဲလာထည့်လျှင်တော့ယူလိုတဲ့စေတနာမပါ၍ခိုးခြင်းမမည်သော်လည်းကိုယ်တိုင်သိသွားပြီးဆက်လက်ခံထားရင်ခိုးခြင်းမြောက်ပါပြီ။လမ်းပေါ်မှကောက်ရသောပစ္စည်းဖြစ်လို့ယူမိလျှင်ပိုင်ရှင်စွန့်ပစ်ထားသောပစ္စည်းမဟုတ်ပါကပိုင်ရှင်မပေးသောပစ္စည်းဖစ်နေပါပြီ။အချို့က“ရေအဆုံးကုန်းတ၀က်”ဟုပြောလေ့ရှိသည်။လိုချင်လို့ပာခြင်းသာဖြစ်လိမ့်မည်။ဥပဒေရှုထောင့်က ကြည့်လျှင်ပင် တိုင်းပြည်၏ ရေပြင်မြေပြင်ဝေဟင်ရှိ ပိုင်ရှင် မရှိသော အရာအားလုံး နိုင်ငံပိုင် ပြည်သူပိုင် ပစ္စည်းဖြစ်သည်ဟု ဆိုထားပါသည်။ မိမိသဘောဖြင့် ယူမိလျှင် ခိုးမှုမြောက်ပါသည်။
         
သဘာဝတရား၏နိယာမဖြစ်စဉ်များသည်လူညီလျှင်ဤကိုကျွှဲဖတ်ရကောင်းသောကိစ္စများမဟုတ်ပါ။မည်သူ့ကိုသာစေမည်သူ့ကိုနာစေဆိုတာမျိုးလည်းမရှိပါ။ဗုဒ္ဓဘာသာဝင်မို့လို့အပြစ်နည်းလိမ့်မည်ဟုလည်းကင်းလွတ်ခွင့်မရှိပါ။ပရမတ်နယ်တွင်အများလက်ခံထားသော ပုဂ္ဂိုလ်သတ္တ၀ါရယ်လို့မရှိပါ။စိတ်စေတသိတ်ရုပ်ဆိုတဲ့ပရမတ်တရားတွေအကြောင်းစုံလို့ပေါင်းစုံဖြစ်လာကြပြီးမမြဲတဲ့သဘောတရားကိုမလွန်ဆန်နိုင်လို့ပျက်စီးသွားကြတဲ့သဘောသာရှိသည်မဟုတ်ပါလား။ဖစ်ချင်သလိုဗရမ်းပတာဖြစ်နေခြင်းမျိုးလည်းမဟုတ်။ဖြစ်စဉ်အားလုံးတို့မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကိုတိတိကျကျမိမိမသိလျှင်သာရှိမည်။အကျိုးတရားတစ်ခုပေါ်လာတိုင်း တိကျတဲ့ အကြောင်းတရားများ ရှိနှင့်နေပါသည်။ အနတ္တသဘောနဲ့ သံသရာတစ်လျောက် စီးမျောနေသော ခန္ဓာ ၅ပါးအစုအဝေးတို့သာ ရှိပါသည်။ထိုခန္ဓာ၅ပါးတို့၏စက္ကန့်မလတ်အသစ်အဟောင်းပာင်းလဲနေသောဖြစ်စဉ်ကိုချိတ်ဆက်ပေးနေသူမှာကမ္မသတ္တိဖြစ်ပါသည်။ထိုကမ္မသတ္တိမပြတ်ရှိနေသရွှေ့ရုပ်နာမ်အသစ်တို့မပြတ်ဖြစ်နေရပြန်သည်။ပေါ်လာသမျှရုပ်နာမ်ကိုအဟုတ်မှန်ခွစီးပြီးကမ္မသတ္တိများဖြစ်အောင်လုပ်ကြံဖန်တီးနေသူကတော့အ၀ိဇ္ဖာဟူသောမျက်လှည့်ဆရာဖြစ်ပါသည်။ သို့သော်အ၀ိဇ္ဖာသည်သူတစ်ဦးထဲထင်တိုင်းကြဲလို့ မရ။ အမှောင်ရှိလျှင်အလင်းရှိသလိုအ၀ိဇ္ဖာ၏ပြိုင်ဘက်ပညာဆိုတာရှိလာပြန်သည်။အ၀ိဇ္ဖာသည်သံသရာအတွင်းမှမထွက်နိုင်အောင်ကံသတ္တိကိုဆက်ပေးသလိုပညာသည်သံသရာအပြင်ရောက်အောင်ကံသတ္တိကို ဖြတ်ပေးသည်။
          ဖြတ်ပုံဖြတ်နည်းမှာအစပထမတွင်အ၀ိဇ္ဖာနေရာတွင်ပညာအစားထိုးဖို့ကြိုးစားရမည်။အ၀ိဇ္ဖာဦးဆောင်ခွင့်ရလျှင်အမဲကံ၊အဖြူကံ၊အဖြူအမဲရောနေသောကံ၃မျိုးလုံးဖစ်စေသည်။ပညာကဦးဆောင်လျှင်အဖြူကံများသာဖြစ်ခွင့်ရသည်။အဖြူကံများမှပါက်ဖွားလာသောအမျိုးမြတ်သောရုပ်နာမ်များပေါက်ဖွားလာသည်။ထိုရုပ်နာမ်မျိုးမှသာအားကြီးသောပညာဖြစ်ခွင့်ရသည်။ပ်ါလာသမျှရုပ်နာမ်တိုင်းကိုပညာဦးဆောင်ဖို့ရန်အ၀ိဇ္ဖာကိုမာင်းထုတ်ဖို့ရန်ပညာအားကြီးဖို့လိုသည်။သို့မှသာအဖြူကံများတဖြေဖြေတိုးလာမည်။အမဲကံများနည်းနည်းလာမည်။ အ၀ိဇ္ဖာလည်းနေရာမရတော့။ တချိန်တွင်ပညာအထွတ်အထိပ်ရောက်သောအခါအဖြူကံလည်းမဖြစ်၊အမဲကံလည်းမဖြစ်တော့။ထိုအဖြူအမဲကံများမဖြစ်တော့ခြင်းသည်ကံပြတ်ခြင်းဖြစ်ပါသည်။ရုပ်နာမ်အသစ်များမဖြစ်ပေါ်တော့ချေ။ဤသို့ရုပ်နမ်အသစ်များဖြစ်ပေါ်ခွင့်မရသောကြောင့်အတိတ်ဘ၀ပေါင်းများစွာကဖြူကံ၊မဲကံ၊ဖြူမဲရောကံများလည်းအပင်ပေါက်ခွင့်မရသောမျိုးစေ့များဘ၀ရောက်သွားရတော့သည်။ အဖြူကံဆိုသည်မှာကုသိုလ်ကံ နှင့်အမဲကံဆိုသည်မှာ အကုသိုလ်ကံတို့ ဖြစ်ကြသည်။
        
အနှစ်ချုပ်အားဖြင့်အဖြူကံအမဲကံဆိုသည်ကိုပိုင်းခြားသိဖို့လိုပါသည်။သိလျှင်အမဲကံဖစ်ခွင့်မပြုအောင်ပညာဦးစီးရမည်။အဖြူကံများကြောင့်မင့်မြတ်သောရုပ်နာမ်အသစ်များဖြစ်ခွင့်ရမည်။တဖြေးဖြေးတိုး၍အ၀ိဇ္ဖာနေရာတွင်ပညာအစားထိုးလာမည်။အ၀ိဇ္ဖာတို့လုံးဝကင်းစင်ပြီးပညာအထိဋ်အထိပ်ရောက်လာသောအခါအဖြူအမဲကံများမဖြစ်ပေါ်လာတော့ချေ။ထိုအခြေအနေသို့ရောက်ရှိလာလျှင်သက်ရှိလောကအပါအ၀င်လာက၃ပါး၌်မင့်မြတ်သောဘုန်းကံကြီးသောဘ၀အခြေအနေတရပ်ကိုရောက်ရှိလာခြင်းဖြစ်ပါသည်။နောက်ဆုံးရုပ်နာမ်ခန္ဓာဇာတ်သိမ်းပြီးဤလောက၃ပါးသို့ဘယ်သောအခါမှပြန်မလာသောတ်ဆက်ခြင်းဖြင့်အပြီးအပိုင်နုတ်ဆက်ထွက်ခွါသွားမည် ဖြစ်ပါသည်။

 (ပြေဇော်မှကူးယူပါသည်)

ယောက်ျားသားတို့ မှောက်မှားမသွားဖို့

တစ်ခုသော ညမှာပေါ့ဗျာ… ကျွန်တော် အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် စကားစမြည် ပြောရင်းက ကာမေသု မိစ္ဆာစာရ ကံအကြောင်း ရောက်သွားတယ်။ ပြောရင်းကနေ တစ်ယောက်က ကိုယ့်ရည်းစားနဲ့ အလိုတူ ကာမအမှုကို ပြုရင် အပြစ်ဖြစ်လား လို့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော် ကလည်း အများကြီးတော့ မသိပါဘူး၊ ဒါပေမယ့် အနည်းငယ် သိထားတာ လေးနဲ့ ပြန်ဖြေ လိုက်တယ်၊ မိန်းကလေးမှာ အုပ်ထိန်းသူ မိဘ သော်လည်းကောင်း၊ ဆွေမျိုးသော် လည်းကောင်း၊ ညီအစ်ကို မောင်နှမ သော်လည်းကောင်း ရှိရင် ယောက်ျားလေးမှာ အပြစ်ဖြစ်တယ်လို့။ မိန်းကလေးမှာတော့ အပြစ် မဖြစ်ဘူးလို့။

အဲဒါကို အဲဒီသူငယ်ချင်းက ဘာဖြစ်လို့ မိန်းကလေးမှာ အပြစ် မဖြစ်တာလဲဆိုပြီး ထပ်မေးတယ်။ ကျွန်တော် ကလည်း ယောက်ျားသားတို့ မသွားလာ၊ ကာမအမှု မပြုအပ်တဲ့ အမျိုးသမီး ၂၀-ရှိကြောင်း၊ အဲဒီမှာမှ အပေါ်က အမျိုးသမီး ၈-ဦးနဲ့ ကာမအမှု ပြုမိရင်တော့ ယောက်ျားလေး မှာသာ အပြစ်ဖြစ်ပြီး မိန်းကလေး မှာတော့ အပြစ် မဖြစ်ကြောင်း ပြောပြတယ်။ အကျယ်တော့ မဟုတ်ဘူး ပေါ့ဗျာ။ အကျဉ်းချုံးလေး ပြောလိုက်တာ။
ဒါနဲ့ နောက် သူငယ်ချင်း တစ်ယောက်က မသွားလာ အပ်တဲ့ မိန်းမ ၂၀-မှာ မင်းပြောတာ ယောက်ျားတွေ ချည်း အပြစ်ဖြစ်ပြီး မိန်းမတွေ အပြစ်မဖြစ်တာ ၈-မျိုးရှိတော့ မိန်းမချည်း သက်သက် အပြစ် ဖြစ်တာကော မရှိဘူး လားတဲ့။
ကျွန်တော်က မရှိဘူးလို့ ဖြေတော့.. အားပါးပါး ငါတို့ ယောက်ျားသား တွေက လက်ရှိ ဥပဒေ မှာဆိုလည်း အလျှော့ပေးရ၊ ဘုရားဟောလည်း မလွတ်၊ တော်တော် သနားစရာ ကောင်းပါလားတဲ့။ (ဟာသ လုပ်ခြင်းပါ။) သေသေချာချာ လေး သိချင်ပါတယ် ပြောပြပါဦး ဆိုတာနဲ့ ကျွန်တော်လည်း ဘလော့မှာ တင်ပြီးဖြစ်တဲ့ (သူများဆီက ကော်ပီ လုပ်ထားတာ.. ဘုန်းဘုန်း ဦးလောက နာထ ဆီက၊ ဘုန်းဘုန်းလည်း ဘုရားဟောတာ ကော်ပီ လုပ်ထားတာ :) ၊ ဘုန်းဘုန်း သိရင်တော့ ကြိမ်နဲ့ပဲ ရိုက်မလား၊ နပန်ပဲ ကျင်းမလား မသိ၊ ဒီလို ပြောရမလား ဆိုပြီး… ရှူး တိုး တိုး.. ဘုန်းဘုန်းနဲ့ သိသူများ သွားမပြော ကြပါနဲ့) ပို့စ်အဟောင်းကို ပြန်ရှာလို့ နားလည်အောင် ရှင်းပြလိုက် ရတယ်။
ကဲဗျာ မသိသေးသူတွေ ထပ်သိ သွားအောင် ဒီပို့စ်လေးကို အခြေတည်လို့ အနည်းငယ် ရှင်းပြလိုက်ပါတယ်။ သေချာ ဖတ်ကြည့်ဦးနော် ယောက်ျားသားတွေ… ကိုယ်နဲ့ ဘာတွေများ ငြိနေလဲလို့…။ (မှတ်ချက်။ သိပြီးသား သူများကို မဆိုလိုပါ။)
ခေါင်းစဉ်လေးက *မိန်းမနှစ်ကျိပ် ပျော်ကြောင်း သိပ်လည်း မအိပ်လေရာ* တဲ့။ ဒါကိုမှ အမောင် ပုရိသတို့က မိန်းကလေး ရှင်ဘက်က သဘောတူလို့ အိပ်ပါတယ်လို့ ဆင်ခြေတက် ရင်တော့ ကာမေသုကံ ထိုက်ပြီလို့သာ မှတ်ပေတော့။
ပထမဆုံးက အစောင့်အရှောက် (အုပ်ထိန်းသူ) ရှိတဲ့ အမျိုးသမီး ၁၀-ဦး တဲ့။ မှတ်လိုက်ပါဦး။

အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ…
၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။

ဒီ ၁၀-ခုမှာ နံပါတ် ၁-ကနေ ၈-အထိက အမျိုးသမီးတွေနဲ့ ကျူးလွန် မိရင်တော့ အမောင် ပုရိသတို့ရေ… အမျိုးသမီးတွေမှာ အပြစ် မဖြစ်ပါဘူးတဲ့။ ခင်ဗျားတို့ ကျုပ်တို့ တစ်တွေမှာပဲ အပြစ် ဖြစ်ပါတယ်တဲ့။ သတိထားဗျို့၊ ကိုယ့်ရည်းစားလည်း ဖြစ်တယ်၊ အလိုတူပါတယ် ဆိုပြီး မေထုန် အမှု ပြုမယ် မကြံနဲ့။ ကွိခနဲဆို ငြိသွားမယ်။ ဒါက အလိုတူလို့ ကံပဲ ထိုက်တာ၊ အလိုများ မတူလို့ကတော့ ကံထိုက်ရုံတင် မက.. ထောင်နန်းပါ စံသွားရမယ်။

နံပါတ် ၉-နဲ့ နံပါတ် ၁၀-ကတော့ နှစ်ဦးစလုံးမှာ အပြစ်ဖြစ်တယ် နော်။ ပုရိသတွေချည်း ပြောနေလို့ ဣတ္ထိယ မမတို့က ငါတို့တော့ လွတ်ပြီ ကျွတ်ပြီ မလုပ်နဲ့ဦး။ ဒီနံပါတ် တွေကစပြီး မမတို့လည်း မှတ်ပေတော့။ ရှောင်ပေတော့။

နောက်တစ်ခုက မယား ၁၀-ဦးတဲ့…။ ဒီ မယား ၁၀-ဦးနဲ့ ကျူးလွန် မိရင်လည်း အမျိုးသားကော အမျိုးသမီးပါ ကာမေသုကံ ထိုက်တယ်တဲ့နော။ ကဲ ကိုကိုတို့ကော မမတို့ပါ ထပ်မှတ် လိုက်ပါဦး။

မယား ၁ဝ-ဦးမှာ…
၁၁။ ဥစ္စာဖြင့် ဝယ်ယူ ပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ် အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ် ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ် ပေါင်းသင်းသော         မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

ကဲဗျို့ ကိုကိုပုရိသ တို့ကော၊ မမ ဣတ္ထိယ တို့ကော ကျွန်တော် ခုရေးပြီး သလောက်ထဲက ဘယ်နှစ်ယောက်များ လွတ်ကင်း ကြပါပြီလဲ။ ဒါမှမဟုတ် ဘယ်အချက် တွေနဲ့များ ငြိစွန်း နေပြီလဲ။ ထားပါ မေးတော့ပါဘူး၊ ဖြေမယ့်သူ မရှိမှာ စိုးလို့။
ကျွန်တော်လည်း ဒီအထိ ဖတ်အပြီး ငါတော့ ဒီအထိတော့ လွတ်နေ သေးတာပဲ၊ ဒီအချက်တွေ မဖြစ်အောင်တော့ မှတ်သား ရှောင်ကြဉ် ရမယ်လို့ ကိုယ့်ကိုယ်ကို သတိလေး ပေးနေတာပေါ့။ အဲ ဒါပေမယ့် ဒီတင် မပြီးသေးဘူးဗျ ကာမေသု အမှုက…၊ ဘာလို့လဲ ဆိုတော့… တစ်ရက် ကျွန်တော် ညီလေး မောင်ကောင်းရဲ့ ဘလော့ (ဓမ္မမေတ္တာ)မှာ ကာမေသုကံ ထိုက်တဲ့ အချက် အလက်တွေကို ထပ်ဖတ်လိုက် ရတယ်။ အပေါ်က အချက် ၂၀-အပြင် နောက်ထပ် အချက်တွေ ပါသေးတယ်ဗျ။ ကျွန်တော်လည်း အဲဒီ အချက်တွေကို ဖတ်ပြီး စိတ်ထဲ သိပ်မယုံတာနဲ့ ဘုန်းဘုန်း ဦးလောက နာထကို မေးကြည့်တော့.. ဘုန်းဘုန်းက ဟုတ်တယ်တဲ့၊ အဲဒီ အချက်တွေကလည်း ကာမေသုကံ ထိုက်တယ်တဲ့၊ ဘုရား ဟောထား တာပါတဲ့။ဘာဖြစ်လို့ ကျွန်တော် မေးရလဲ ဆိုတော့ ဒီနေ့ ခေတ်မှာ ဒီအချက် တွေကို ကျူးလွန်တဲ့ သူတွေကို တွေ့နေရလို့ ပါပဲ။ ကျွန်တော့် အနေနဲ့ ငြိစွန်း နေလို့တော့ မဟုတ်ပါဘူး။ မငြိစွန်းသေးပေမယ့် ကျွန်တော့် အတွက် မှတ်စရာ အချက်တွေ တိုးသွားသလို၊ အသိတွေလည်း တိုးသွား ခဲ့ပါတယ်။
ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန် သင့်သော လမ်းကြောင်း သုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာ ပြုလုပ်လျှင်လည်း ကာမေသု မိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေ ကတော့…
(၁)ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂)ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃)စကားပြောရာ လမ်းကြောင်းတို့ ဖြစ်ပါတယ်။

နောက်ပြီး မိမိကာမပိုင် မိန်းမပင် ဖြစ်လင့်ကစား ကာမေသု မိစ္ဆာစာရကံ ထိုက်သော အချက် လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာ သိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေ ကတော့…
(၁)မိမိမိန်းမ ကိုယ်ဝန် အလွန်ရင့်သော အခါ၊
(၂)မိဘဆရာ လူအများတို့ မြင်သဖြင့် မသင့်တော်သော နေရာ၊
(၃)ကျင့်ရိုး မဟုတ်ခြင်းနှင့် လွဲမှားစွာ ပြုကျင့်ခြင်း၊
(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။

စကားလေးတွေ လွန်သွားရင်၊ ရိုင်းသွားရင် ထပ်ပြီး တောင်းပန်ပါတယ် ခင်ဗျာ။ သိသင့် သိထိုက်တဲ့ အချက်တွေ ဖြစ်နေလို့ပါ။ မူရင်းဘလော့ (ဓမ္မမေတ္တာ) မှာလည်း ဒီအတိုင်းပဲ သုံးနှုန်း ထားလို့ပါ။
ကဲ အချက် ၂၀-က လွတ်ပြီဆိုပြီး ပြုံးပျော်နေတဲ့ ကိုကို ပုရိသတို့ တွေ့ပြီနော်၊ ဒီအချက် တွေကိုလည်း သေချာမှတ်ဦးဗျို့။ တော်ကြာ ငြိနေဦးမယ်။
အဲ.. နောက်တစ်ခု ရှိသေးတယ်ဗျ။ ဟိုတစ်နေ့က တရားထဲက နာလိုက်ရတာ၊ ဘာတဲ့ တိရစ္ဆာန်နဲ့ (ငယ်ငယ်က ကြားဖူးတာတော့ ခွေးပဲ) ကျူးလွန်မိတဲ့ ဘုရင့် မိဖုရားကြီး.. သေခါနီး အဲဒီ နိမိတ် ၀င်လာလို့ အပါယ် ကျသွားတဲ့ အကြောင်း။ ကဲဗျာ မှတ်လက်စနဲ့ မထူးတော့ပါဘူး ဆက်သာ မှတ်လိုက်ပါတော့.. တိရစ္ဆာန်နဲ့ ကျူးလွန်ရင်လည်း ကာမေသုကံ ထိုက်တဲ့ အကြောင်းလေး။
ကျွန်တော် အခုထိ ဖော်ပြခဲ့တာ တွေကတော့ ဘယ်လို ကျူးလွန်ရင်တော့ ကာမေသုကံ ထိုက်တယ်ဆိုတဲ့ အကြောင်း၊ အခု ထပ်ဖော်ပြမှာက ကာမေသုကံ ထိုက်တဲ့ အင်္ဂါရပ် ၄-ချက်နဲ့ ကာမေသုကံကို ရှောင်ကြဉ်ရင် ရရှိမယ့် အကျိုးတွေ… မှတ်ပါလို့တော့ ပြောတော့ ဘူးဗျာ… မှတ်ချင်တဲ့ သူသာ မှတ်ပေတော့။ ကျွန်တော် ကတော့ ပြောရမှာပဲ.. မတတ်နိုင် တော့ဘူး…။
ကာမေသုမိစ္ဆာစာရကံ အင်္ဂါ ၄-ပါးမှာ…
၁။ မသွားလာအပ်သောမိန်းမ ၂ဝ-ဖြစ်ခြင်း။
၂။ မှီဝဲလိုစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ဤအင်္ဂါ ၄-ပါး ညီညွတ်လျှင် ကာမေသု မိစ္ဆာစာရကံ မြောက်သည်။

ကာမေသု မိစ္ဆာစာကံ ရှောင်ကြဉ်ရသော အကျိုးတရားများ
၁။ ရန်သူမရှိခြင်း။
၂။ အလုံးစုံသော သတ္တဝါတို့၏ ချစ်ခင် မြတ်နိုးမှုကို ခံရခြင်း။
၃။ ထမင်း အဖျော်ယမကာ အဝတ်တန်ဆာတို့ ရရှိခြင်း။
၎။ ချမ်းသာစွာ အိပ်ရခြင်း။
၅။ ချမ်းသာစွာ နိုးရခြင်း။
၆။ အပါယ်ဘေးမှ လွတ်ရခြင်း။
၇။ မိန်းမ နပုန်းအဖြစ်မှ လွတ်ရခြင်း။
၈။ အမျက်ဒေါသနည်းခြင်း။
၉။ ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း။
၁ဝ။ လည်တိုင်ကြော့ကြော့ မော့မော့ နေနိုင်ခြင်း။
၁၁။ မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပြစွာ နေနိုင်ခြင်း။
၁၂။ မိန်းမနှင့် ယောက်ျားအချင်းချင်းသာ ချစ်ခင်မြတ်နိုးခြင်း။
၁၃။ မျက်စိ နား နှာစသော ခြေလက်အင်္ဂါများ ပြည့်စုံခြင်း။
၁၄။ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
၁၅။ ယုံမှားသံသယကင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း။
၁၆။ ချမ်းသာစွာ နေရခြင်း။
၁၇။ ပူပန်ကြောင့်ကြ မရှိရခြင်း။
၁၈။ ဘေးရန် မရှိခြင်း။
၁၉။ ချစ်ခင် နှစ်သက်သူ တို့နှင့် နေရခြင်း 


စသော အကျိုး တရားတို့ကို ရရှိပါသည်။အားလုံးပဲ နားလည် လောက်မှာပါ၊ ထပ်ရှင်းဖို့တော့ မလိုတော့ဘူး ထင်ပါတယ်။ အဲ… ကျွန်တော်လည်း ရေးကောင်းကောင်းနဲ့ အပြစ်တွေပဲ ရေးနေလိုက်တာ.. စာရှုသူသာ ဒီအချက် တွေထဲက တစ်ခု မဟုတ် တစ်ခု ငြိနေရင် တော်တော် စိတ်ညစ် နေလောက်ပြီ ထင်တယ်နော်…။
မညစ်ပါနဲ့ဗျာ.. ဘယ်တတ်နိုင် ပါ့မလဲ… ဒီအမှုက၊ ဒီ အကုသိုလ်က ကိုယ်ကျူးလွန် ပြီးသွားပြီပဲ…၊ နောင်ကိုသာ ဒီလို အမှုမျိုး နောက်ထပ် မကျူးလွန် မိအောင် အသိမမှားပဲ သတိ တရားလေးနဲ့ စောင့်ထိန်းရင်း အကုသိုလ် တွေပယ်၊ ကုသိုလ်တွေ ကြွယ်အောင်၊ အကုသိုလ် တွေပါး၊ ကုသိုလ်တွေ များအောင် ကျင့်ပွား ကြိုးကုတ် အားထုတ်ဖို့ပဲ ရှိတော့တာပေါ့။
အဲ.. စာရှုသူရေ စိတ်မရှိပါနဲ့ဦး၊ ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခြင်းရဲ့ အပြစ်တွေ ကျန်သွားလို့… တောင်းပန်ပါတယ်.. အားနာ ပါးနာနဲ့ ဆက်ဖတ် ပေးပါဦး…။
ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခြင်း၏ အပြစ်များ
”မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်း သိပ်လည်း၊ မအိပ်လေရာ” ဟူသော ရှေးပညာရှိတို့ ဆုံးမ စကားအရ အမျိုးကောင်း သားများသည် အုပ်ထိန်းခြင်း မကင်းသောသူ မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန် ကျူးလွန်လျှင် ကာမေသု မိစ္ဆာစာရကံ ထိုက်သည်။ ဤကံကား အလွန် ကြောက်ဖွယ် ကောင်း၏။ သေလွန်၍ ငရဲသို့ ကျခံရပြီးနောက် လူ့ဘဝ ပြန်ရ စေကာမူ ဘဝများစွာပင် နပုန်း ပဏ္ဍုက် ဖြစ်ရခြင်း၊ ချစ်သူနှင့် ကွဲရခြင်း စသော မကောင်းကျိုးများ များလှကုန်၏။
ကဲ တွေ့တယ်နော် နပုန်း ပဏ္ဍုက်တဲ့…၊ အရှင် အာနန္ဒာ အလောင်း အလျာတောင် ဘ၀တစ်ခုမှာ ကာမေသုကံ ကျူးလွန်ခဲ့လို့ အပါယ်ကျ၊ မိန်းမ ဘ၀တွေ အလီလီ ဖြစ်ပြီး၊ နပုန်းပဏ္ဍုက် ဘ၀တွေ ဖြစ်သေးတယ် ဆိုပဲ…။ကျွန်တော် ကတော့ ကုသိုလ်ကံ ကောင်းလို့ပဲလား မသိဘူး.. ငယ်ငယ် ကတည်းက သူများလုပ်တိုင်း လိုက်မလုပ် တတ်တော့ တစ်ချို့ အရာတွေ သူများ သိသလို မသိပေမယ့် ဒီကံကတော့ ခုထိ လွတ်နေသေးတယ်…။ ကိုယ့်ဂုဏ် ကိုယ်ဖော် တာတော့ မဟုတ်ပါဘူး မိတ်ဆွေတို့ရေ.. ကာမေသုကံ ထိုက်တဲ့ အကြောင်းလေးတွေ ဖတ်ရတော့ ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်ရင်း နောင်လည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ သတိ ပေးမိနေလို့ပါ။
ကဲဗျာ ရေးတာလည်း များသွားပြီ၊ မိတ်ဆွေတို့လည်း မှတ်ရတာ တော်တော် များသွားတယ် ထင်တယ်…။ ကျွန်တော်လည်း စာရိုက်ရလို့ လက်တွေလည်း ညောင်း၊ ဇက်ကြော တွေလည်း တော်တော် တက်သွားတယ်။ သူများ တကာကို သိစေချင်တော့လည်း ဒီလောက်တော့ ရင်းရမှာပေါ့ဗျာ.. ဒါက ထားပါ.. နောက်ဆုံး လေးစားသမှုနဲ့ အကြံပေးချင် တာကတော့…
ဒီ ကာမေသုကံကို ယနေ့ အချိန်ထိ မကျူးလွန် မိသေးတဲ့ သူများ နောင်လည်း မကျူးလွန် မိအောင် ဆက်လက် ထိန်းသိမ်းကြပါ၊ ကျူးလွန်မိပြီး သူများလည်း စိတ်ပျက် မနေဘဲ.. ကုသိုလ် တရားတွေ တိုးသထက် တိုးအောင် လုပ်ဆောင်ပါ။ ဒါန၊ သီလ၊ သမထ ဘာဝနာ မှသည် ၀ိပဿနာ ဘာဝနာ အထိ တက်လှမ်းနိုင်အောင် ကြိုးစားကြပါ။ ဘာလို့လဲ ဆိုတော့ ၀ိပဿနာ ဘာဝနာ အားထုတ်လို့ မဂ်တစ်ချက် မြင်ပြီ ဆိုတာနဲ့ ဒီ ကာမေသုအမှု အကုသိုလ်ကံဟာ အဟောသိကံ (အကျိုးမပေးတဲ့ ကံ) ဖြစ်သွားစေလို့ပါပဲ။
***********************************************
အားလုံးသော ဓမ္မ မိတ်ဆွေများ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီ ကိုယ်ငှ ပြည့်စုံနိုင်ပြီး ၀ိပဿနာ အလုပ်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ် နိုင်ကြပါစေ။ ဖတ်တဲ့ အတိုင်းလည်း သိ၊ သိတဲ့ အတိုင်းလည်း ကျင့်၊ ကျင့်တဲ့ အတိုင်းလည်း ရနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

  ( ဖိုးသား )