နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မှတ်သားဖွယ်ရာများ စုစည်းမှု

အချို့သောစာအုပ်များမှာအခြားသော နေရာများမှ ကူးယူထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓသာသနာပြန့်ပွါးရေးကိုသာရှေးရှုသဖြင့် မူလစာအုပ်ပိုင်ရှင်များအနေဖြင့် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤကုသိုလ်ကောင်းမှုသည် လူသားတိုင်းအတွက်အရဟတ္တဖိုလ်၏အကြောင်းအထောက် အပံ့ ဖြစ်ရပါလို၏။

May all be well and happy

May we all transform our lives into lives of true security.

May each and every one of us attain four noble truth and Nibbana.

ကိလေသာမီး

အမြဲမပြတ် ကိလေသာမီး တညီးညီး
တောက်လောင်နေပါလျက် အဘယ်ကြောင့် 
သင်တို့ ပျော်မြူးရယ်ရွှင် နေဘိသနည်း၊
အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း။ 
အရှင်ရေ၀တ(ဖားအောက်တောရ)



*~~မိစ္ဆာပဏိဟိတံစိတ္တံ
ပါပိယောနံတတောကရေ~~*
( မကောင်းသောစိတ်ထားသည်
ထိုစိတ်ရှိသူအား ယုတ်ညံ့ဆိုးရွား
သူဖြစ်အောင်ပြုတတ်၏ )
*~~သမ္မာမဏိဟိတံစိတ္တံ
သေယျသောနံတတောကရေ~~*
( ကောင်းသောစိတ်ထားသည်
ထိုစိတ်ရှိသူအား အထက်တန်းကျ
သူဖြစ်အောင်ပြုတတ်၏ )
ဒုက္ခပတ္တာ စ နိဒ္ဒုက္ခာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
     ဘယပတ္တာ စ နိဗ္ဘယာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
     သောကပတ္တာ စ နိေဿာကာ ဟောန္တု သဗ္ဗေပိ ပါဏိနော။



 အပြစ်ငါ့တွင် ၊ ရှိသည်ထင်၍
နာကျင်စေနိုး၊ သူ့အငြိုးကို
စိတ်ဆိုးစိတ်မာန် ၊ မတုံ့ပြန်ဘဲ
သည်းခံလျက်ငါ ခွင့်လွှတ်ပါ၏။

အမှားင့ါတွင် ၊ ရှိသည်ထင်၍
ငြိုငြင်ဆူဆဲ၊ ပြင်းစွာမဲကာ
နင်ဘဲငဆ၊ သူရှုတ်ချလည်း
ဒေါသခက်ထန်၊ မတုံ့ပြန်ဘဲ
သည်းခံလျက်ငါ ခွင့်လွှတ်ပါ၏။

အပြစ်အမှား၊ ရှိလိမ့်လားဟု
ယုံမှားတွက်ဆ၊ သံသယဖြင့်
ငါ့ကို အငြိုး၊ ကြိမ်ကြိမ်ပျိုးလည်း
မိုးတိမ်လွင့်စင်၊ လစန်းရှင်သည်
ကြည်လင်ညံ့နု၊ရွှေရည်ဥသို့
သူ့တွင်ဒေါသ၊ မာန်မာနတို့
ကွယ်ပကင်းပျောက် ၊ အမှန်ရောက်သော်
ချောက်ချောက်ချားချား၊ နှုတ်စကားဖြင့်
ငါ့အားတစ်ဖန်၊ သူတောင်းပန်သော်
သည်းခံလျက်သာ ၊ခွင့်လွှတ်ပါ၏

သို့ပါသော်ငြား ၊နှလုံးသားမှ
လှုပ်ရှားဝေ့လည်၊ စမ်းနှယ်ကြည်သည့်
မျက်ရည်တစ်စက်၊ လွင့်ကြွေသက်၏
ရက်စက်သူတို့ မမြင်နိုင်။ ။

မြင်းမူမောင်နိုင်မိုး

No comments:

Post a Comment