နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မှတ်သားဖွယ်ရာများ စုစည်းမှု

အချို့သောစာအုပ်များမှာအခြားသော နေရာများမှ ကူးယူထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓသာသနာပြန့်ပွါးရေးကိုသာရှေးရှုသဖြင့် မူလစာအုပ်ပိုင်ရှင်များအနေဖြင့် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤကုသိုလ်ကောင်းမှုသည် လူသားတိုင်းအတွက်အရဟတ္တဖိုလ်၏အကြောင်းအထောက် အပံ့ ဖြစ်ရပါလို၏။

May all be well and happy

May we all transform our lives into lives of true security.

May each and every one of us attain four noble truth and Nibbana.

၅ ပါး မဂ္ဂင် ပြည့်စုံလျှင်

မဂ္ဂင် ၈ ပါးကို အုပ်စု ၃ မျိုးခွဲပြီး သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ဆိုပြီး ပြောဆိုသုံးနှုံးကြပါသည်။ သိက္ခါ ၃ ပါး ဟုလည်း ခေါ်ပါသည်။ သီလမဂ္ဂင် ၃ ပါး ၊ သမာဓိမဂ္ဂင် ၃ ပါး၊ ပညာမဂ္ဂင်က ၂ ပါးစီ ရှိကြပါသည်။ ၄င်း ၈ ပါးပြည့်စုံလျှင်  နိဗ္ဗာန်ကို မျက်မှောက်ပြုပါသည်။ အပြန်အလှန်အားဖြင့်ဆိုရသော် နိဗ္ဗာန်ကို မျက်မှောက်ပြုမှ ဤ ၈ ပါးစုံပါသည်ဟု မိုးကုတ်ဆရာတော်ကြီးက  မိန့်ပါသည်။ တရားစ ရှုမှတ်လျှင် မဂ္ဂင် ၅ ပါး မိမိသန္တာန်မှာ ရှိလာအောင် အားထုတ်ရပါသည်။ ထိုမဂ္ဂင် ၅ ပါးမှာ သမာဓိ မဂ္ဂင် ၃ ပါး နဲ့ ပညာမဂ္ဂင် ၂ ပါး ဖြစ်ပါသည်။ သမာဓိ မဂ္ဂင် ၃ ပါးမှာ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိ တို့ဖြစ်ပြီး ပညာမဂ္ဂင် ၂ ပါး သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ တို့ ဖြစ်ပါသည်။ ၀ိပဿနာအားထုတ်မှုသည် သွားရင်းလာရင်း ဈေးရောင်းရင်း အာထုတ်နိုင်သည်ဟု သိထားကြသည့်အတွက် သမာဓိထူထောင်စရာ မလိုပါဟု ထင်တတ်ကြပါသည်။ အမှန်မှာ သမာဓိမဂ္ဂင် ၃ ပါး ရှုဉာဏ်မှ ကိန်းမှ ပညာမဂ္ဂင် ၂ ပါးတို့ ဖြစ်လာနိုင်ပါသည်။
အားထုတ်နည်း လမ်းကြောင်း ၂ ကြောင်းရှိပါသည်။ သမာထ၀ိပဿနာယာနိက နှင့် သုဒ္ဓ၀ိပဿနာ ယာနိက တို့ဖြစ်ပါသည်။ မည်သည့်လမ်းဖြင့် သွားသွား သမာဓိမဂ္ဂင် ရှုဉာဏ်မှာ မကိန်းသရွှေ့ ပညာမဂ္ဂင် မလာနိုင်ပါ။ ပညာမဂ္ဂင်မှာလည်း လောကီမဂ္ဂင်(၀ိပဿနာမဂ်)နှင့် လောကုတ္တရာမဂ္ဂင်(အရိယမဂ်) ၂ မျိုးရှိသည့်အနက် လောကီမဂ္ဂင် ဦးစွာဖြစ်ရပါသည်။ ဉာဏ်အားပြည့်မှ လောကုတ္တရာမဂ္ဂင် လိုက်ပါသည်။ မိုးကုတ်ဆရာတော်ကြီးက မဂ္ဂင် ၅ ပါးနဲ့ ရှုလို့ မကြာခဏမိန့်တာ နာကြားဖူးကြမည် ဖြစ်ပါသည်။ ဆရာတော်ကြီးက ၀ိပဿနာမဂ်ပေါ်သည့်အခိုက်ကို ပြောသည်ဟု နားလည်ပါသည်။
တကယ်တမ်း တရားစရှုမှတ်သူတွေအဖို့ ရုပ်ဆိုလျှင် ရုပ်တုံးအခဲ(သဏ္ဍနပညတ်) မြင်နေသေးသရွှေ့ နာမ်ဆိုလျှင်လည်း နာမ်စဉ် အမျှဉ်တန်းနေသရွှေ့ ဖြစ်ပျက်ရှုလျှင် အတွေးအမြင် မမှန်နိုင်သေးပါ။ သမ္မာဒိဌိ သမ္မာသင်္ကပ္ပ မဖြစ်သေးပါ။ ဘာကြောင့် ယင်းသို့ဖြစ်ရသလဲဆိုလျှင် သမာဓိမဂ္ဂင် ၃ ပါး ရှုဉာဏ်မှာ မကိန်းသေးလို့ဟု ဖြေရမည် ဖြစ်ပါသည်။ မှန်ကန်တဲ့ သတိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ မှန်ကန်တဲ့ တည်ကြည်မှု မရှိခြင်းကြောင့် ဖြစ်ပါသည်။ မည်သည့်အချိန်မှာမှ မှန်ကန်တဲ့ တည်ကြည်မှုဖြစ်မည်လဲ။
သမထဘာဝနာဆိုလျှင် ဥပစာရသမာဓိ(ပထမဈာန်အနီးအနား) အပ္ပနာသမာဓိ(ပထမဈာန်) ရလို့ တစ်ခုတည်းသောအာရုံမှာ စိတ်ကတည်နေစဉ် စိတ်မှာ ပီတိ သုခ တွေပေါ်နေလျှင် သမာဓိမဂ္ဂင် ၃ ပါး ပြည့်စုံနေပြီ။ ထိုအချိန်မှာ ရှုနေဆဲ ကမ္မဋ္ဌာန်းအာရုံကို ဖြစ်စေ ခံစားနေရသော ပီတိကိုဖြစ်စေ အေးချမ်းနေတဲ့ ပဿဒ္ဓိကိုဖြစ်စေ၊ ချမ်းသာသုခကိုဖြစ်စေ ဉာဏ်ဖြင့်ပိုင်းခြားလိုက်ပါက ရှုလိုက်သည်နှင့်  မရှိတော့ဟူသော ထိပျောက်၊ သိပျောက် သဘောတွေ့ပြီဆိုလျှင် ပညာမဂ္ဂင်ပေါ်ပါပြီ ။ ၀ိပဿနာမဂ် ပေါ်ပြီး  မဂ္ဂင် ၅ ပါးစုံပါသည်။
ဝိပဿနာဘာဝနာဆိုလျှင် ရုပ်ကိုရှုနေသူသည် အာရုံမှာ ယောက်ျာပဲ မိန်းမပဲ အကောင်အထည်ပေါ်နေသေးလျှင်၊ စိတ်ကိုရှုသူသည် မြင်၊ ကြား၊ နံ၊ တွေးလိုက်သည်နှင့် အာရုံ၌ အမည်ပညတ်ပေါ်နေသေးရင် ( ဥပမာ အသံကြားသည်။ ယောက်ျားသံ၊ မိန်းမသံလို့ ခွဲလို့ရနေသေးလျှင်)၊ ဝေဒနာကို ရှုသူသည် နာတာကျင်တာ၊ ၀မ်းသာဝမ်နည်းစသည့် ခံစားမှုသဘောများ သိနေသေးရင် သမာဓိမဂ္ဂင် ၃ ပါး မစုံသေးပါ။ ယင်းသို့ ရှုနေရင်းက ခဏိကသမာဓိဟုခေါ်သော ရှုလိုက်တိုင်း ရှုလိုက်တိုင်း ခဏငယ်အခိုက် သမာဓိမဂ္ဂင်  ပြည့်စုံလာပြီဆိုပါက ပူတာလေးသိလိုက် ပျောက်သွားလိုက်။ အေးတာလေးသိလိုက် ပျောက်သွားလိုက်။ ရိပ်ကနဲ တွန်းကန်တာလှုပ်ရှားတာလေး သိလိုက် ပျောက်သွားလိုက်။ ပူတာသည် လက်လား ခြေလား မသိလိုက်၊ လက်ခြေဆိုသော အထည်ပညတ်မပေါ်။ ရိပ်ကနဲ ရိပ်ကနဲလှုပ်တာလေး သိလိုက်သော်လည်း မည်သည့်အရာ မည်သည့်နေရာဟု ခွဲခြားပြလို့မရ။ အမည်တပ်လို့ မရတော့လျှင် ဖြစ်ပျက်ကိုပိုင်းခြားသိသော ပညာမဂ္ဂင်ပေါ်ပါပြီ။ ၀ိပဿနာ မဂ်ဖြစ်ပြီ။ မဂ္ဂင် ၅ ပါးစုံပါသည်။
ဧကောဓမ္မောဆိုသည့်အတိုင်း အရှုခံသည် ခန္ဓာ ၅ ပါးလုံးမဟုတ်၊ တစ်ခုတည်းသော ဓမ္မ ကို သာ ရှုဉာဏ်မှာပေါ်နေပြီ။ ထိုအခိုက်မှာ ရှုဉာဏ်က မရှုပ်ထွေး၊ ရှင်းလင်းနေ၏၊ အရှုခံက မကြမ်းတမ်၊ သိမ်မွေ့နေ၏။ တစ်ခုပြီးမှ တစ်ခု ဖြတ်ကနဲ ပေါ် ဖြတ်ကနဲပျောက်၊ အာရုံနှင့်ဒွါရ ထိလိုက်သည်နှင့်ပျောက် သိလိုက်သည်နှင့်ပျောက်၊ မမြဲ(အနိစ္စ)၊ ထပ်ခါတလဲလဲ ပေါ်ပြီးတိုင်းချက်ချင်းပျောက်။ ဖောက်ပြန်တဲ့သဘော (ဒုက္ခ)။ မည်သည့်နေရာကပေါ်လာမှန်းမသိလို မည်သည့်နေရာသို့ ပျောက်သွား မှန်းမသိ။ အကောင်အထည်မရှိ။ အစိုးမရ(အနတ္တ)။ အကောင်အထည် မမြင်ရသဖြင့် လိုချင်မှု မလိုချင်မှု မဖြစ် (တဏှာခမ်းခြောက်)။ ပျက်သွားပျောက်သွားပြီးတိုင်း တဒင်္ဂချုပ်ငြိမ်းမှု တဒင်္ဂနိဗ္ဗာန်တွေကို ရှုဉာဏ်က သိလာသည်။ တွေ့ဖန်များသော် ဉာဏ်ရင့်လာပြီး နိဗ္ဗာန်အစစ်နဲ့ ဉာဏ်နှင့်တည့် သွားသည်ဟု  မိုးကုတ်ဆရာတော်ကြီးက မိန့်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ တရားချစ်ခင် သူတော်စင်များ ကြိုက်ရာလမ်းကိုရွှေးပါ။ မဂ္ဂင် ၅ ပါးစုံလျှင် နိဗ္ဗာန် တံခါးပေါက်ရောက်ပါပြီ။

ဓမ္မလင်းရောင်ခြည်

သစ္စာမိုးရေ

သစ္စာမိုးရေ


နှစ်တစ်ရာ လူ့ဘ၀၊ သစ္စာ ရှုကြလို့ပြောပင်ပြောငြား
စိတ်အားက မသန်၊ အမှန်ဆိုတာ ဘာလဲ
တဖွဲဖွဲပျက်နေတာ ဘာတွေတုန်း
မုန်းစရာဆိုတာလဲ ငါမသိ
ရှိရှိသမျှ အသုဘတဲ့၊ ပြောမှ ပြောတတ်ပလေ
စိတ်စေရာပျော်ပါး၊ စိတ်သွားတိုင်း ကိုယ်ပါ
စိတ်ဆာတာ အကုန်လုပ်၊ ကြိုးရှုပ်တဲ့ လူ့ဗာလ
သူ့ဘ၀ နေ၀င်ချိန်နီး
ငရဲမီးတွေ ထိန်ထိန်တောက်လို့
အိုးမှောက်တာ စိုးကြောက်စရာနော်
သစ္စာတရား နာကြားပါရဲ့
ဘာတဲ့တုန်း သဿတ၊ သိသမျှ သူကြွေးကြော်
သူတော်တော် တတ်သပ၊ မှတ်သမျှက ရွှေဈေးငွေဈေး
မေးလိုက်တိုင်း သိသယောင်၊ မှတ်မိအောင် အလွတ်ကျက်
သိတစ်ဝက် မသိတစ်ဝက်နဲ့ပေါ့၊
နှစ်သက်တဲ့ တဏှာ၊ ဖယ်ခွါဖို့ လိုသတဲ့
ဇွဲနဲ့တော့ အားမထုတ်၊ ကြိုးရှုပ်တဲ့ ပုထုဇဉ်
နေ၀င်လျှင်အသင်ဘယ်သွား၊ လားရာက မသေချာ
သုဂတိရွာ၊ ဒုဂ္ဂတိရွာ..
ပစ်ချရာ ခန္ဓာဆောက်ပေါ့
အိုးပေါက်တာလဲ စိုးကြောက်စရာပဲ
ထူထဲတဲ့ အ၀ိဇ္ဇာ၊ တဏှာနဲ့ ခန္ဓာဆောက်
အမှောင်အောက်က မထွက်နိုင်
ဇွဲခိုင်ခိုင် အားထုတ်ပါမှ၊ နီဝရဏ ကင်းစင်ကွာ
မြင်သမျှဟာ ဒုက္ခတွေပဲ၊ အဟုတ်ပ မမြဲ ရှုမြင်ရ
အနိစ္စဆိုတာ ဒါပဲလား၊ တစ်ဖွာဖွား ပျက်နေလိုက်တာ
ဆက်နေပါလို့တောင် တားမရ
အနတ္တ. အနတ္တ..အနတ္တ…
အောက်ခြေက ရေတိုက်စား၊ အဖျားမှာ ရပ်နေတဲ့သူ
ကူမဲ့သူက ရှာမတွေ့၊ သေနေ့ စိတဲ့သူ အလား
အားကိုးရာ ဒီနာမ်ရုပ်က၊ တဖြုတ်ဖြုတ်နဲ့ ကြွေနေပြီ
ဘယ်ဆီကို သွားရပါလိမ့်၊ ကြိတ်မှိတ်ပြီး ဆက်ရှုပြန်
ခပ်မှန်မှန် စိတ်ကိုထား
တရားခေါ်ရာနောက် တစ်ကောက်ကောက်
လျှောက်.လျှောက်..လျှောက်….
ဟော…
လုံလောက်တဲ့ ဉာဏ်အား၊ လွှားကနဲ ပြေးဝင် (နိဗ္ဗာန်)
မသေခင် တဏှာနဲ့ စစ်ခင်း၊ ဗိုလ်တစ်သင်းနဲ့ အနိုင်ယူ (ဗိုလ် ၅ ပါး)
သူလိုလူ ရှာမှရှားတဲ့။
အို..အသင်
သူတော်ကောင်းအပေါင်းတို့…….
မိုးရွာတုန်း အိုးမှောက်သူ
အိုးပေါက်ယူ ရေခံ
ဉာဏ်မပါ သံသရာ ခရီးသွားကြလျှင်ဖြင့်
ကံဆရာ ဖန်တရာ လှည့်စား ခံရပြီကွယ့်
ချဲ့ကားပြီဟဲ့လို့တော့ မထင်စေချင်
မနောဘ၀င် စဉ်မပြတ် အခိုက်ဟာမို့
အဆောတလျင် အရင် မှတ်ထိုက်တာက
မိုးကောင်းတုန်း ရေခံ၊ အိုးကောင်းမှ ရေကျန်မယ်ဆိုတာ
စေတနာရှေ့ထား အသေအချာ မေ့မသွားရအောင်
အကျိုးမျှော်လို့ နှိုးဆော်လိုက်ပါသည်… 


သူတော်ကောင်းတို့၏သဘော

သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးမြစေ၏။

နံ့သာတုန်းသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။

သူတော်ကောင်းသည် မိမိကို ညှင်းဆဲသော သူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏။


"ငြိမ်းချမ်းရေးကဗျာ"

ငါတို.ကမ္ဘာ၊ ဤနေရာကား
တဏှာလောဘ၊ မာန်မာနနှင်.
ဒေါသရမ်းရမ်း၊ လောဘလွှမ်း၏။

လူဘုံဘ၀၊ ဒုလ္လဘ၀ယ်
ကြုံရစဉ်ခိုက်၊ မေတ္တာပိုက်ကာ
ကရုဏာနှင်.၊ ၀မ်းသာစိတ်ပွား
လျစ်လျူထားက...
တို.များလောက၊ ချမ်းသာရလိမ်.။

ကောင်းဆိုးနှစ်တန်၊ လောကဓံဝယ်
ကြံ.ခံစိတ်သွင်း၊ သည်းခံခြင်းဖြင်.
ချစ်ခြင်းကုဋ္ဋေ၊ တည်ပါစေလော.။

ဗုဒ္ဓဟောကြား၊ လေးပါးသစ္စာ
အရိယာကို၊ လျှင်စွာသိမြင်
မဂ္ဂင်မှန်လမ်း၊ ကျင်.ကြံစမ်းလော.။

အနိစ္စ၀တ၊ သင်္ခါရမို.
သူကအစ၊ ငါကအဆုံး
အားလုံးဆင်ခြင်၊ သတိဝင်လော.။

ခင်မင်သမုဒယ၊ သံယောဇနကြောင်.
ဒုက္ခဖြစ်လာ၊ ဤခန္ဓာကို
မှန်စွာမိမိ၊ မြင်အောင်ကြည်.လော.။

အဖုံးအ၀ိဇ္ဖာ၊ သင်ခွါပါမှ
အနတ္တစင်းစင်း၊ မမြဲခြင်းကို
လင်းလင်းပိုင်ပိုင်၊ သိမြင်နိုင်လိမ်.။

ငါးပါးခန္ဒာ၊ ဖေါက်ပြန်စွာကို
သေချာသိရှိ၊ မြင်အောင်ကြည်.ဖို.
ဝိပဿနာ၊ ရှုမှတ်ပါလော.။

ကိုယ်.ကိုယ် ကိုယ်ကြည်.၊ ဆင်ခြင်သိက
ဒိဌသေချာ၊ အဘယ်မှာလျှင်
ရန်စွာစစ်မက်၊ ဖြစ်လိမ်.နည်း။

အချင်းချင်းတွင်၊ ပြစ်မမြင်ပဲ
ချစ်ခင်မေတ္တာ၊ ဗြဟ္မစာရ်ဖြင်.
ကမ္ဘာအ၀ှမ်း၊ လွန်အေးချမ်းလိမ်.။

လူသားအာလုံး၊ စိတ်နှလုံးဝယ်
အပြုံးပန်းတွေ၊ ဝေပါစေကြောင်း
မေတ္တာလောင်းကာ၊....
နည်းကောင်းလမ်းပြ၊ ပြုပါရစေ
ဗုဒ္ဒဒေသနာ၊ ၀ိပဿနာ။ ။

အာနာပါန သတိပဌာန် ရှုမှတ်နည်း

အာနာပါနဿတိသည်ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။အာနာပါနသည်ထွက်လေ၀င်လေဆိုသည့် ၀ါယောဓါတ်ခါင်းဆောင်သည်ဓါတ်တရားတွေစုပေါင်းထားသောကာယကိုအစိတ်စိတ်အမွှာမွှာကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
ခန္ဓာကိုယ်ကိုဖာင့်ဖြောင့်ထား၍ တိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
က) မှတ်နည်းမှာ
၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံးသိအောင်လုပ်တဲ့နည်း။
၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။

ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။

ဂ) ပြင်းထန်သလား၊ နူးညံ့သလားသိအောင်လုပရမည်။ထွက်လေ၀င်လေသည် စိတ္တဇ၀ါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေကကြမ်းသည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင်ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။၎င်းကြောင့်ဖစ်တဲ့စိတ်ကကြမ်းပါသည်။ 
နီဝရဏဆိုသည်မှာ-
၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
၂) အလိုမကျတဲ့စိတ်
၃) ငိုက်မျဉ်းတာ
၎) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
၅) မဆုံးဖြတ်နိုင်တဲ့စိတ်

ဃ)နီဝရဏကင်း၍စိတ်တွေသိမ်မွေ့သွားတဲ့အခါဝင်လေထွက်လေသည်နူးညံ့လာပါသည်။သိပ်ပြီးသိမ်မွေ့လာရင်ထွက်လေ၀င်လေရှိမှရှိသေးလားလို့ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်
  ၁) အမိဝမ်းထဲက ကလေး
၂) သေသွားတဲ့ပုဂ္ဂိုလ်
၃) သေခါနီးမိန်းမျောနေတဲ့သူ
၎) စတုထ္တဈာန်ဝင်စားနေသူ
၅) နိရောဓသမာပတ်ဝင်စားသူ
၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)

င)၀ီရိယစိုက်ပြီးရှုလျှင်သိမ်မွေ့နေသောဝင်လေထွက်လေကိုတွ့လာလိမ့်မည်။စိတ်တွေကြည်လာတတ်သည်။အဖြူရောင် ညစ်ထေးထေးနမိတ်စပေါ်လာမည်။ပ်ါလာကစတွင်ဝင်လေထွက်လေကသတ်သတ်နမိတ်ကသတ်သတ်ဖစ်နေတတ်သည်။ယင်းသို့ နမိတ်ပေါ်လာလျှင်စိတ်ကပေါ်လာသောနိမိတ်ပေါ်ရောက်သွားတတ်သည်။နမိတ်ကိုဆက်ရှုရမည်။နမိတ်ပျာက်သွားလျှင်ဘာဝနာစိတ်ကိုဝင်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာဝနာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာခါင်းထဲကလှုပ်ရှားနေသောမီးခိုးတန်းလို၊ဖူဖြူဖွေးဖွေးဝါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာဝနာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ ဈာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည်အထိအာရုံပြုပွါများလျှင် ဈာန်စခန်းသို့ ရောက်ပြီ။ ၄င်းဈာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။  
       နမိတ် ၃ မျိုးမှာ-
၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
၂) မီးခိုးတန်းလို ၀ါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်
   
       ဈာန် အင်္ဂါ ၅ ပါးမှာ-
၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ၀ိတက်
၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ
၃) ၀ိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်ဝတ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ
၎) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကို
အောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။
၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမဈာန်ဟု ခေါ်သည်။ စိတ်က နီဝရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။
ဤနေရာတွင် ၀ိပဿနာမရှုလိုသေးပါက ၀ိတက် ၀ိစာရကိုပယ်လျှင် ဒုတိယဈာန်၊ ပီတိကိုပယ်လျှင် တတိယဈာန်၊သုခကိုပယ်လျှင် စတုထ္ထဈာန်အထိ တက်သွားနိုင်သည်။ ဈာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွား ပါသည်။ ပထမဈာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ၀ါယောဓါတ်ဖြစ်သည့်ရူပ်ကိုရှုရင်ကယာနုပဿနာ။ပီတိ၊သုခဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကိုသိနေသောစိတ်ကိုရှုရင်စိတ္တာနုပဿနာ။ထိုစိတ်စတသိတ်နှင့်ရုပ်များမမြဲဘူးဆိုသည့်အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ၀ိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။ ယင်းသို့ သုံးသပ်သောဉာဏ်ကသမ္မသနဉာဏ်ရဲ့အစဖြစ်ပါသည်။ ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိခံစားမှုဝဒနာသည်စတသိတ်၊ချမ်းသာမှုကိုသိနေသည့်စိတ်သည်ဝိဉာဏ်၊ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြားသိလာခဲ့သောဉာဏ်ကိုနာမရူပပဋိစ္ဆေဒဉာဏ်။သက္ကာယဒိဌိကင်းသွားပါပြီ။ထိုနာမ်ရုပ်နှစ်ပါးသည်အ၀ိဇ္ဇာ၊တဏှာ၊ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ၀ါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။
ဤသို့အကြောင်းအကျိုးကြောင့်ဖစ်နေသောရုပ်နာမ်နှစ်ပါး၏အနိစ္စ၊ဒုက္ခ၊အနတ္တကိုဓမ္မာနုပဿနာသတိပဌာန်နှင့်ဝိပဿနာရှုလျှင်သမ္မသနဉာဏ်ဖစ်ပြီ။၎င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်ကဥဒယဗ္ဗယဉာဏဖစ်သည်။ဖစ်လာတာတွေ့လျှင်ဥစ္ဆေဒဒိဌိပြုတ်ပြီးပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိပုတ်ပါသည်။ဖစ်ခြင်းနှင့်ပျက်ခြင်းတွင်ပျက်ခြင်းကကြာက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။ အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ်ပါသည်။ ၀ါယောရုပ်ကိုပဲဖစ်ဖြစ်၊၀ဒနာတစ်လုံးကိုဖြစ်ဖြစ်၊ကြည်လင်နေသောစိတ်ကလေးတစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာဆိုသည့် သံဝေဂဉာဏ်ဘယဉာဏ်ပေါ်လာပါသည်။ထိုပျောက်ပျက်နေသောခန္ဓာကအားကိုးစရာမဟုတ်ဟုသိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ်ဖစ်လာစေပါသည်။ယင်းနောက်တွင်ငီးငွေ့သောနိဗ္ဗိဒါဉာပ်ါပါသည်။ထိုသို့မလိုချင်ပဲရှုမှတ်နေရတာကိုလွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။သို့သော် ရေနစ်မှာကြောက်၍ခွးသေကောင်ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာဝနာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသောဥပက္ခာဝေဒနာဖစ်နေပါပြီ။၎င်းဉာဏ်ကိုသင်္ခါရုပက္ခာဉာဏ်ဟု ခေါ်ပါသည်။ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန်ကျးဇူးပြုသည့်အနုလောမဉာဏ်ဖစ်ပေါ်လာပါပြီ။ဆက်လက်၍အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်ကသင်္ခတအာရုံကိုမယူတော့ပဲအသင်္ခတကိုမျာ်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ယင်းနောက်တွင်မဂ်ဉာဏ်၊ဖိုလ်ဉာဏ်အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက်ချုပ်ပျာက်ခဲ့ပုံပယ်ပြီးကိလေသများကိုပန်ဆင်ခြင်သည့်ပစ္စ၀က္ခဏာဉာဏ်ပ်ါလာပါသည်။အာနာပါနသတိပဌာန်သည်သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္ဈင် ရ ပါး ဖြစ်ပါသည်။
(ဆရာတော်အရှင်ဉာဏိသာရဟော
ကြားသောအာနပါနသတိပဌာန်တရားထဲမှ ကောက်နုတ်ဖော်ပြပါသည်။)


တန်ဖိုး



သီလပညာဏဉ္စ လောကသ္မိံ အဂ္ဂမက္ခာယတိ။
ကိုယ်ကျင့်တရားနဲ့ ပညာကသာ လောကကြီးမှာ အမွန်မြတ်ဆုံးပဲ။ 

(သုတ်သီလက္ခန်ပါဠိတော်)

တန်ဖိုးဆိုတဲ့ စကားလုံးလေးက လှတယ်။ Value လို့ ဂလိုဘယ်ရွာသားတွေ အခေါ်တစ်မျိုးလည်း ရှိရဲ့။  ဘယ်လို ဘာသာဗေဒနဲ့ပဲ ပြောပြော တန်ဖိုးဆိုတဲ့ ဝေါဟာရရဲ့ အနှစ်သာရကတော့ အတူတူပဲ ဖြစ်မှာပါ။ ဆေးလိပ်ကြိုက်သူတစ်ဦးအတွက် ဆေးလိပ်ဟာ တန်ဖိုးရှိပေမယ့် ဆေးလိပ်အနံ့မခံနိုင်သူအတွက် ဆေးလိပ်ဗူး အလကားရရင်တော့ တော်တော် စိတ်တိုနေမှာပါပဲ။
 ကိုယ်ကြိုက်တဲ့ အရာလေးတွေ ကိုယ့်မှာရှိရင် တန်ဖိုးထားတတ်ကြသလို ကိုယ် မကြိုက်တဲ့ အရာတွေဆိုရင်တော့ တန်ဖိုးထား သိမ်းဆည်းနေကြမှာ မဟုတ်ပါဘူး။ ဒါက ရုပ်ဝတ္ထုပစ္စည်းတေု့ပါ။ ကိုယ်တန်ဖိုးထားချစ်တဲ့ ချစ်သူဆိုတာတောင် အရွယ်တွေအိုမင်းသွားရင်တန်ဖိုးမထားချင်ကြတော့ မဟုတ်လား။ ဆိုလိုတာက ရုပ်ဝတ္ထုပစ္စည်းအပေါ်ထားတဲ့ တန်ဖိုးဟာ မမြဲဘူးလို့ ပြောချင်တာပါ။
ကိုယ်နဲ့ ပတ်သက်တဲ့ တစ်ဦးတစ်ယောက်ဆိုပါစို့။ သူဟာ ကိုယ့်စိတ်တိုင်းကျနေမယ်၊ ကိုယ့်အတွက် အသုံးချလို့ရဦးမယ်ဆိုရင် ကိုယ်က တန်ဖိုးထားနေတတ်ပေမယ့် သူမရှိလည်း ဖြစ်တယ်လို့ တွေးလက်ခံလိုက်တာနဲ့ အဲဒီလူဟာ ကိုယ့်အတွက် တန်ဖိုးမဲ့သွားပြီပေါ့။

တန်ဖိုးဆိုတာ အချိန်ကာလ၊ နေရာဒေသ နဲ့ ပုဂ္ဂိုလ်အပေါ်မူတည်ပြီး အတက်အကျ၊ အနိမ့်အမြင့် ကွာသွား တာပါ ။  ရှင်တော်မြတ်ဘုရားက လောကမှာ ကိုယ်ကျင့်တရားနဲ့ ပညာကသာ တန်ဖိုးအမြင့်မားဆုံးပါတဲ့။ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ သူ့ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းသလဲအပေါ်ပဲ မူတည်သလို၊ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာလည်း သူ့ရဲ့ ဆင်ခြေတုံတရားပဲ ခေါ်မလား။ အသိပညာအပေါ်မှာပဲ မူတည်တာလေ။
အထက်တန်းကျတဲ့သူဆိုတာ ရှင်တော်ဘုရားဟောခဲ့သလို ကိုယ်ကျင့်တရားနဲ့ အသိပညာမြင့်မားသူတွေကို ဆိုလိုတာပါ။ စကားလုံးရဲ့ တန်ဖိုးနဲ့ ထိုက်ထိုက်တန်တန် နေထိုင်သွားသူတွေပေါ့လေ။ ကိုယ်တွေကကော…တန်ဖိုးဆိုတာ ဘယ်လိုဖွင့်ဆိုချက်တွေနဲ့ နေထိုင်သွားကြမလဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြတယ်ဆိုရင်ပေါ့။ လူရယ်လို့ဖြစ်လာရန် သို့မဟုတ် သတ္တ၀ါဖြစ်လာရန် ခန္ဓာကိုယ်တည်းဟူသော အိမ်ကို အဘယ်လက်သမားသည် တည်ဆောက်လိုက်သနည်း။ လူတို့၏ နှလုံးသားသည် တပ်မက်မှု၊ ခက်ထန်ရက်စက်မှု၊ မုန်းတီးရွံရှာမှု၊ စသည် များဖြင့် အမြဲတမ်းပူလောင်နေ၍ သောကကိုရင်မှာပျိုးလျက် မျက်ရည်မိုးတို့ဖြင့် ဘ၀လမ်း ခရီးဝယ် လျောက်၍ နေကြရသည်။ နှလုံးသား၏ ထာဝရငြိမ်းချမ်းမှုကို အဘယ်နည်ဖြင့်ရရှိနိုင်သနည်း။ သောကနှင့် မျက်ရည်တို့ပြွမ်း သော ဘ၀၏ချုပ်ငြိမ်းရာကား အဘယ်နည်းဟု စစ်တမ်းထုတ်လေ့လာခဲ့ ကြသည်။

ဗုဒ္ဓမြတ်စွာသည် ဤပြာဿနာရပ်များ၏ အဖြေကို ကိုယ်တော်တိုင် စတင်တွေ့ရှိခဲ့၏။ ထိုတွေ့ရှိချက်တို့ကို လူသားတို့အား ညွှန်ပြဟောကြားခဲ့သည်။ ဥာဏ်မျက်စိတို့ကို ဖွင့်၍ ပေးခဲ့သည်။ ထိုကြောင့် ဗုဒ္ဓ၏ဦးဆောင်မှု အောက်တွင် ထိုခေတ်လူသားတို့သည် နာမ် ပိုင်းဆိုင်ရာ လေ့လာပြွမ်းတီးမှုများလှသဖြင့် နာမ်ပိုင်းဆိုင်ရာ စွမ်းရည်သတ္တိတို့ အထွဋ် ထိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ မာတင်လူသာကင်းကား “လူ့ဘ၀မှာ အသက်ရှည်ရှည်နေသွားရဘို့ထက် အသက်ရှင် ခိုက်မှာ ဘ၀ကိုတန်ဖိုးရှိရှိ အသုံးချသွားနိုင်ဘို့က ပိုအရေးကြီးပါတယ်။ နိုင်ငံနဲ့ လူမျိုးအတွက် ဆောင်ရွက်ရင်း သေရခြင်းဟာ အမြတ်ဆုံးသေခြင်းဖြစ်ပါတယ်”ဟုကြွေး ကျော်ခဲ့လေသည်။
“စူးစမ်းမှု မရှိသောဘ၀သည် မနေအပ်သောဘ၀ပေတည်း”ဟု ဆိုကရားတဲစ်က ကောက်ချခဲ့ဘူးသည်။


ပတ်ဝန်းကျင်ဆိုတာက အစတွေ့စမှာတော့ လူတယောက်မှာ မြင်သာတဲ့ စီးပွားရေးခိုင်မာမှုနဲ့၊ ပညာအရည်အသွေးကို ကြည့်တတ်ကြပေမဲ့ ရေရှည်ဆက်ဆံတဲ့အခါမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ ဒီလူ ဘယ်လောက် တည်ကြည်မှုရှိလဲ၊ စိတ်ဓာတ်ခိုင်မာလဲ၊ ကတိတည်လဲ၊ သစ္စာရှိလဲ စတာတွေကိုသာ ကြည့်ကြပါတယ်၊၊

စိတ်သဘောထားပြည့်ဝတဲ့လူဆိုတာ....
တခြားလူရဲ့ ရိုင်းပျတဲ့ စကားတစ်ခွန်းကြောင့် သူ့စိတ်ကို လှိုင်းမုန်တိုင်း မထန်စေဘူး။
တခြားလူရဲ့ ရိုင်းပျတဲ့ အပြုအမှုကြောင့် သူ့စိတ်ကို အမုန်းရန်ညိုးတွေနဲ့ မဖုံးလွှမ်း စေဘူး။

စိတ်ဆန္ဒသည် ထာဝစဉ် တည်မြဲစေသော ဆေးတစ်ပါးဖြစ်၏။ ထူးခြား အောင်မြင်သော အရာဝတ္ထုတိုင်း၏ မျိုးစေ့ဖြစ်သညါ။် ဘ၀ ဆုံးရှုံးသွားမှာကို မစိုးရိမ်ပါနဲ့.....ဘ၀ မစရသေးတာကိုပဲ စိုးရိမ်ပါ။ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ.... လူ့ဘဝဆိုတာ တိုတောင်းလွန်းတယ်။ ကိုယ့်ဘေးကလူတွေကို ကောင်းကောင်းဆက်ဆံပါ... နောင်ဘဝဆိုတာရှိရင်လဲ သူတို့နဲ့ကိုယ် ဆုံချင်မှဆုံလိမ့်မယ်။
လျှို့ဝှက်ချက်တစ်ခုကို ထိန်းထားတာဟာ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်တာထက် ပိုတန်ဖိုးရှိတယ်လို့ သင်သိတဲ့အချိန် သင်ရင့်ကျက်ပြီ။လူတချို့က ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့တောင် မရင်းနှီးဘဲ ကမ္ဘာ့အပြင်ဘက်မှာ တခြားဂြိုလ်သား ရှိမရှိဆိုတာကို စိတ်ဝင်စားကြတယ်။

ကိုယ့်ကိုယ်ကို စည်းရုံးသိမ်းသွင်းနိုင်တာဟာ အသိပညာရဲ့အောင်နိုင်ခြင်းဖြစ်တယ်။
ကိုယ့်ကိုယ်ကို လှုံ့ဆော်နိုင်တာဟာ စိတ်ဓာတ်ရဲ့ ကြီးမြတ်ခြင်းဖြစ်တယ်။
ကိုယ့်ကိုယ်ကို အောင်နိုင်တာဟာ ဘဝရဲ့ရင့်ကျက်ခြင်းဖြစ်တယ်။







ဧည့်သည်


The Lord Buddha

The Lord Buddha
အတုမရှိ ဗုဒ္ဓမြတ်စွာ
နေ့ စဉ်ပွားပါ ဤငါးဖြာ
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အဘိဏှသုတ်

Life Series



Life is a series of test,
ဘဝဆိုတာဟာ စာမေးပွဲအဆင့်ဆင့်ပဲ။

Concealed in every new situation we face there is spiritual lesson to be learned and a spiritual blessing for us if we learn that lesson.
အတွေ့အကြုံတိုင်းရဲ့ နောက်ကွယ်မှာ မြင့်မြတ်တဲ့ သင်ခန်းစာရှိတယ်။ အဲဒီသင်ခန်းစာကို ကိုယ်က ရလိုက်တယ် ဆိုရင် ကိုယ့်အတွက် အဲဒါဟာ မင်္ဂလာတစ်ခု ပါပဲ။

It is good to be tested.
အစမ်းခံရတာ အစစ်ခံရတာ အင်မတန်ကောင်းပါတယ်။


It is good to be tested. We grow and learn through passing test.
စာမေးပွဲတွေကို အစစ်ခံပြီးတော့ အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့လူ ဖြစ်လာတယ်။ ကြီးပွား တဲ့လူ ဖြစ်လာတယ်။ အသိဉာဏ်ကော၊ စိတ်ဓာတ်ကော ကြီးပွားလာတယ်။


I looked upon all my tests as good experiences.
အစမ်းခံခဲ့ရတာတွေဟာ အားလုံးကောင်းပါတယ်လို့ပဲ မြင်လာမယ်။
ဘုန်းကြီးလည်း ငယ်ငယ်လေးကတည်းက လောကဓံတွေ အများကြီးကြုံခဲ့ရတာပဲ။ အခုပြန်ပြီးတော့ စဉ်းစားကြည့်တဲ့ အခါမှာ အဲဒါတွေ အားလုံးဟာ တော်တော် အကျိုးများပါတယ်။


We cannot expect to go through life without being confronted with pain.
ဒုက္ခနဲ့ မကြုံရဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံရဘဲနဲ့ ဘဝခရီးကို ဖြတ်သန်းသွားလို့ မရပါဘူး။


Through our meditative practice we can learn to experience pain without hurt.
တရားအားထုတ်ခြင်းအားဖြင့် စိတ်ဓာတ်တည်ငြိမ်မှု၊ အေးချမ်းမှု၊ ရင့်ကျက်မှု ရလာမယ်။ ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာမယ်ဆိုရင် ဒုက္ခနဲ့ ကြုံရပေမဲ့ စိတ်ဆင်းရဲမှု သိပ်မဖြစ်တော့ဘူး။

This is not too difficult and when we have learnt to experience pain without hurt we have gained something in the art of living.
 လောကဓံတရားနဲ့ ကြုံရတဲ့အခါမှာ စိတ်ဆင်းရဲမှု ကြီးကြီးမားမား မဖြစ်အောင် နေတတ်သွားပြီးဆိုရင် ဘဝမှာ နေနည်း အတတ်ပညာကို နဲနဲတော့ တတ်သွားပြီ။

အခက်အခဲမရှိတဲ့ဘဝဟာ မြင့်မြတ်မှု ဖြစ်ဖို့ အခွင့်အရေးမရှိတဲ့ဘဝ
အခက်အခဲတွေကို များများရင်ဆိုင်ပြီးတော့ သတိကြီးကြီး၊ ဉာဏ်ကြီးကြီး၊
သဘောထားကြီးကြီးနဲ့ ဖြေရှင်းနိုင်တဲ့သူ၊ ကျော်လွှားနိုင်တဲ့သူပဲ ဖြစ်ရပါလို၏။


But I would never wish such a life for any of you. What I wish for
is the great inner strength to solve your problems meaningfully and grow.
အခက်အခဲမရှိတဲ့ဘဝ သက်သက်သာသာနေရတဲ့ ဘဝမျိုးကို ရပါစေလို့ ဘယ်သူ့အတွက်မှ
ဆုမတောင်းဘူး။ ကိုယ့်ဘဝမှာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကို စိတ်ဓာတ်အင်အားကြီးကြီး၊
ဉာဏ်အင်အားကြီးကြီးနဲ့ ရင်ဆိုင်ပြီးတော့ကျော်လွှားနိုင်ဖို့၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့နေရာမှာ
အဓိပ္ပာယ်ရှိရှိ ဖြေရှင်းလိုက်ပြီးတိုင်း ပိုပြီးတော့ အသိဉာဏ်ကြီးတဲ့သူ၊ သဘောထားကြီးတဲ့သူ
ဖြစ်လာဖို့ လူကြီးဖြစ်လာဖို့ အဲဒီလို ဆုမျိုးပဲ တောင်းချင်ပါတယ်။




There was a time when I thought it was a nuisance to be confronted with a problem.I tried to get rid of it.I tried to get somebody else to solve it for me.But that time was long ago.It was a great day in my life when I discovered the wonderful purpose of problems.Yes, they have a wonderful purpose.




လှပတင့်တယ်၍
အဆင်းလည်းရှိ
အနံ့လည်းရှိသော ပန်းသည်
အနံ့ကြိုင်၍ လှိုင်သကဲ့သို့
ကောင်းစွာ ဟောတော်မူအပ်သည့်
ပိဋကတ် သုံးပုံတည်းဟူသော ဘုရားစကားတော်သည်
ရိုသေစွာ နာခြင်း၊ သင်ယူခြင်း၊ ကျင့်ခြင်းရှိသော သူအတွက်
အကျိုးများစွာရှိ၏။

Like a beautiful flower of colour
and also fragrant,
even so,
fruitful are fair words
of one who practices them.
***


သီလနှင့်ပြည့်စုံ၍ မမေ့မလျော့ နေလေ့ရှိသဖြင့်
တရားမှန်ကို ကောင်းစွာသိ၍
ကိလေသာမှ လွတ်မြောက်ကုန်သော
သူတော်ကောင်းတို့၏ သွားရာလမ်းခရီးကို
မာရ်နတ်သည် မသိ၊ ရှာ၍မရ။

Mara never finds the path
of the truly virtuous,
who abide in heedfulness
and are freed by perfect knowledge.
***




ခိုးသူတယောက်သည် မိမိကို ပြစ်မှားကျူးလွန်ဖူးသော
ခိုးသူတယောက်ကို မြင်သည်ရှိသော် သို့မဟုတ်
ရန်သူတယောက်သည် ရန်ဘက်တဦးကို မြင်သည်ရှိသော်
အကျိုးမဲ့ ဖျက်ဆီးခြင်းကို ပြုရာ၏။
(သို့ရာတွင် ဤတဘ၀တွင်သာ ပြုနိုင်၏)
ယုတ်မာသဖြင့် ရန်ညှိုးထားသော စိတ်သည်ကား
(အခုဘ၀ နောင်ဘ၀တို့၌ အကျိုးပေးတတ်သဖြင့်)
သာ၍ပင် အကျိုးမဲ့ ဖျက်ဆီးခြင်းကို ပြုနိုင်၏။

Whatever harm an enemy
may do to an enemy,
or a hater to a hater
an illed-directed mind
inflicts on oneself a greater harm.
***