နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မှတ်သားဖွယ်ရာများ စုစည်းမှု

အချို့သောစာအုပ်များမှာအခြားသော နေရာများမှ ကူးယူထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓသာသနာပြန့်ပွါးရေးကိုသာရှေးရှုသဖြင့် မူလစာအုပ်ပိုင်ရှင်များအနေဖြင့် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤကုသိုလ်ကောင်းမှုသည် လူသားတိုင်းအတွက်အရဟတ္တဖိုလ်၏အကြောင်းအထောက် အပံ့ ဖြစ်ရပါလို၏။

May all be well and happy

May we all transform our lives into lives of true security.

May each and every one of us attain four noble truth and Nibbana.

ပြောင်းလဲခြင်း

ဗောဓိပင်နေရာဟာ
အလင်းနှင့် အမှောင်တို့ တိုက်ခိုက်သတ်ပုတ်ခဲ့တဲ့ နေရာဖြစ်ခဲ့။
နေရဉ္ဖရာ မြစ်ဟာ
ပကတိရေ စီးဆင်းခြင်းမရှိပေမဲ့ ဓမ္မသီအိုရီတွေ စီးဆင်းတဲ့ နေရာဖြစ်ခဲ့။
ဒုက္ကရစရိယဂူဟာ
ဘုရားရှင်ရဲ့ အရပ်တော် သီအိုရီကို ပြသတဲ့ နေရာဖြစ်ခဲ့။
ဝေဘာရတောင်စသော တောင်တွေဟာ
ဒဿနအလင်းတွေ မြှုပ်နှံတဲ့နေရာဖြစ်ခဲ့။
ဂိဇ္ဈဂုတ်တောင်ဟာ
မေတ္တာတရား၏ပြယုဂ် အနှိုင်းမဲ့ပုဂ္ဂိုလ်တို့၏ နှိုင်းယှဉ်စရာ နေရာဖြစ်ခဲ့။
နာလန္ဒာတက္ကသိုလ် အုတ်ရိုးတွေဟာ
သူတော်ကောင်းတို့ရဲ့ သွေးနဲ့ရေးတဲ့ ကျောက်စာတွေ မြှုပ်နှံထားရာ နေရာဖြစ်ခဲ့။
သာဝတ္ထိမြို့ အုတ်ရိုးတွေဟာ
ကိလေသာ သားကောင်တို့၏ သင်္ချိုင်းနေရာဖြစ်ခဲ့။
မဂဓတိုင်းရဲ့ လယ်မြေတွေဟာ
သူတော်ကောင်းတို့ရဲ့ သစ္စာပန်းတွေ စိုက်ပျိုးတဲ့နေရာဖြစ်ခဲ့။
ဒီလိုနဲ့- ဒီနေရာတွေဟာ
ပူလောင်ခြင်းတွေကို အေးမြခြင်းတွေနဲ့
နွမ်းရိခြင်းတွေကို လတ်ဆတ်ခြင်းတွေနဲ့
မှောက်မိုက်ခြင်းတွေကို လင်းလတ်ခြင်းတွေနဲ့
အားငယ်ခြင်းတွေကို ရဲရင့်ခြင်းတွေနဲ့
အစားထိုးခဲ့ကြ။
ဒီလိုနဲ့---
လွဲမှားခဲ့သော နောင်တ တရားတွေကို
သစ်လွင်သော ရောင်ခြည်တွေနဲ့
အစားထိုးခဲ့ကြ။
သေဆုံးနေသော နှလုံသားကို
ရှင်သန်ခြင်းတွေနဲ့  အစားထိုးခဲ့ကြ။
ပြန်လမ်းမဲ့သော ဘ၀ကို
ပြန်လမ်းအဖြစ်နဲ့ အစားထိုးခဲ့ကြ။
ဒီလိုနဲ့---
မျှော်လင့်ထားခဲ့သော အလွမ်းတွေကို
မျှော်လင့်မထားသော (သစ္စာ) ပန်းတွေနဲ့ အစားထိုးခဲ့ကြ
ဒီလိုနဲ့--------

                              လင်းထက် (မြင်းခြံ)

No comments:

Post a Comment