သူတို့အဆုတ်၊ ထားမြှုပ်ခဲ့သည့်
ဗုံးငုတ်တိုင်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း.....။
"အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း..."
"ငယ်ကကြင်မြတ်၊ မိသတ်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ...."
"အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့လိုသနည်း..."
"မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ..."
"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း...."
"ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှေုာင်ခွါ၊ ခွဲရပါရ်ျ
အာနာခဲ့ကြောင်း ပြောပါလေ...."
ယမ်းငွေအူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား....။
မင်းသုဝဏ်
(မြ၀တီမဂ္ဂဇင်း၊ မတ်လ ၁၉၆၃)
ဗုံးငုတ်တိုင်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း.....။
"အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း..."
"ငယ်ကကြင်မြတ်၊ မိသတ်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ...."
"အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့လိုသနည်း..."
"မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ..."
"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း...."
"ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှေုာင်ခွါ၊ ခွဲရပါရ်ျ
အာနာခဲ့ကြောင်း ပြောပါလေ...."
ယမ်းငွေအူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား....။
မင်းသုဝဏ်
(မြ၀တီမဂ္ဂဇင်း၊ မတ်လ ၁၉၆၃)
No comments:
Post a Comment